Ch-8

1K 186 5
                                    

Unicode

ရှန်းကျိုးသွားမယ့်နေရာက ကျောင်းနဲ့ သိပ်မဝေးတဲ့အတွက် သိပ်မကြာခင်မှာပဲ ရောက်သွားသည်။ ချီကျင်းတုန်းက ကားကိုရပ်ပေးလိုက်တော့ ရှန်းကျိုးက ကားပေါ်ကဆင်းသွားသည်။ ကားတံခါးမပိတ်ခင် ချီလဲ့ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ချီလဲ့ကလက်ကို ဝှေ့ယမ်းလိုက်ပြီး

" တာ့တာ "

ရှန်းကျိုးက ကျေနပ်စွာပြုံးလိုက်ပြီး လက်ကိုဆန့်ထုတ်က ချီလဲ့ရဲ့ ဆံပင်တွေကိုဖွလိုက်သည်။

" လဲ့လဲ့၊ ငါသွားတော့မယ် "

ချီလဲ့ရဲ့ ပါးပြင်တွေ နွေးလာပြီး ရင်ထဲမှာပန်းတွေပွင့်လာသလိုခံစားလိုက်ရတယ်။ ပေါက်ကွဲထွက်တော့မလိုပဲ။ရှန်းကျိုးက သူ့အိမ်နာမည်ကို ခေါ်လိုက်တယ်။ ခေါင်းကိုလည်း ပွတ်သွားတယ်။

._._._.

ချီလဲ့ အသိပြန်ဝင်လာတော့ ရှန်းကျိုးက လမ်းတောင်ကူးပြီးနေပြီ။ ချီလဲ့က ကားတံခါးကို အမြန်ဖွင့်လိုက်ပြီး

" ပါပါး သားကိုခဏစောင့်ဦး ရှန်းကျိုးပစ္စည်းကျန်ခဲ့လို့ သွားလိုက်ပေးမလို့ "

သူက ဆင်ခြေတစ်ခုပေးလိုက်ပြီး ချီကျင်းတုန်း ဘာမှပြန်မဖြေနိုင်ခင် ရှန်းကျိုးနောက်ကိုလိုက်သွားတော့တယ်။ ဘာပဲဖြစ်ဖြစ်   ရှန်းကျိုးက သူ့ရဲ့ ချွေးမလောင်းလေးပဲကို အနည်းဆုံးတော့ သူဘယ်မှာနေလဲ သိရမှာပေါ့။

ချီကျင်းတုန်းက သူ့ကိုကြည့်ပြီး မရယ်ပဲမနေနိုင်တော့ဘူး။ နေဝင်ခါနီးကောင်းကင်မှာ နေရောင်ရေးရေးပဲ ကျန်တော့သည်။ ရှန်းကျိုးက သူ့ခြေတံရှည်တွေနဲ့ အမြန်လျောက်နေသည်။ ချီလဲ့ လိုက်သွားတဲ့အချိန်မှာ သူအင်္ကျီကို ထောင့်လေးမှာပဲမြင်ရတော့တယ်။

အဲ့တာက အိုဟောင်းပြီးသေးငယ်တဲ့ရပ်ကွက်လေးဖြစ်ပြီး လှေခါးပေါင်းမြောက်များစွာရှိနေသည်။ အဆောင်အဦးဟောင်းတွေက လမ်းရဲ့ တစ်ဖက်တစ်ချက်မှာရှိနေပြီး အိမ်အများစုက လူမရှိပေ။ နံရံတွေမှာလဲ ကြေငြာစာရွက်မျိုးစုံနဲ့ ပြည့်နှက်နေသည်။

ဒီအိုမင်းပျက်စီးနေတဲ့ ပတ်ဝန်းကျင်ကိုကြည့်ကာ ချီလဲ့ ရှန်းကျိုးလက်ထဲက ဘတ်စကတ်ဘောလုံးအဟောင်းရယ်၊ ရှန်းကျိုး မိခင်ရဲ့ ပုံစံရယ်ကို တွေးမိပြီး ရှန်းကျိုးအိမ်က သိပ်အဆင်မပြေလောက်ဘူးလို့ တွေးလိုက်သည်။

ငါမင်းကိုလုံးဝပေးမကိုက်နိုင်ဘူး [ မြန်မာဘာသာပြန် ]Where stories live. Discover now