Ch-3

980 196 9
                                    

Unicode

ချီလဲ့က အကျီအပါးလေးကို ဝတ်ပြီးတော့အတန်းထဲမှာထိုင်နေတယ်။ အခန်းထဲက အပူပေးစနစ်ကြောင့် သိပ်ပြီးတော့မအေးနေဘူး။ သူအပူပေးစက်ရှေ့မှာထိုင်နေရင်း ရှန်းကျိုးကသူ့ရန်သူဘယ်လိုဖြစ်လာတာလဲဆိုတာ အတွေးနယ်ချဲ့နေသည်။

သေချာစဉ်းစားကြည့်ရင် သူနဲ့ ရှန်းကျိုးကြားမှာ ဘာပြဿနာကြီးကြီးမားမားမရှိခဲ့ဖူးဘူး။ သူရှန်းကျိုးနဲ့ရန်သူတွေ ဖြစ်နေတာကို နည်းနည်းလေးတော့ နောင်တရမိတယ်ဆိုပေမယ့် ဒါကသူ့ကိုယ်သူ အပြစ်တင်လို့လည်းမရဘူးလေ။ အဲ့တာက ကံတရားအရရယ်ပါ။

ချီလဲ့ ကသူတို့ကျောင်းစတက်တဲ့နေ့မှာ သူတို့နှစ်ယောက်တွေ့ဖို့ အကြောင်းဖန်လာတာကို သတိရလိုက်သည်

အဲ့အချိန်တုန်းက ရှန်းကျိုးက ကျောင်းသားသစ်တွေရဲ့ ကိုယ်စားပြု၊ ကျောင်းသားတွေအားလုံး ကိုယ်စားစကားပြောဖို့ စင်မြင့်ပေါ်မှာရပ်နေတယ်။ အဲ့နေ့က သူကျောင်းနောက်ကျတဲ့အတွက် ကျောင်းဒါရိုက်တာက သူ့ကို စင်မြင့်ပေါ်မှာ မတ်တပ်ရပ်ဖို့အပြစ်ပေးခဲ့တယ်။

ချီလဲ့မှာ အေးစက်ဖြူဖွေးတဲ့အသားနဲ့ မျက်ရစ်မရှိတဲ့ပုံစံကြောင့် သူပြုံးမနေဘူးဆို ရင်းနှီးဖို့မလွယ်တဲ့ မာနကြီးတဲ့သခင်လေးနဲ့တူသည်။ ရှန်းကျိုးကတော့သူနဲ့ ဆန့်ကျင်ဘက်ချောမောပြီး နွေးထွေးတဲ့ပုံစံရှိသည်။ ဒီလိုမတူညီပဲ ချောမောတဲ့ လူနှစ်ယောက်က ဘေးချင်းယှဉ်ရပ်နေတဲ့အခါ လူအုပ်ကြီးကဆွဲဆောင်ခံရလွန်းလို့တ အူးအူး တ အားအားအသံတွေ ညံနေခဲ့သည်။ ဆရာတွေလည်း ကျောင်းသားတွေ ငြိမ်သက်အောင် မနည်းအော်ဟစ်ထိန်းကျောင်းလိုက်ရသည်။

ချီလဲ့က အိပ်ငိုက်နေတဲ့အတွက် ခေါင်းကဘယ်ညာခါရမ်းနေသည်။ ရှန်းကျိုးက သူ့ရှေ့မှာ မိန့်ခွန်းပြောနေတယ်။ ချီလဲ့က ရှန်းကျိုးအသံကို သေချာမကြားရဘူးဆိုပေမယ့် သူ့အသံကအရမ်း ဩရှရှနဲ့ ရှင်းလင်းပြီး နားဝင်ချိုတယ်။ အဲ့တာကမနာလိုချင်စရာပဲ။

သူအိပ်ငိုက်နေတုန်းမှာပဲ ရှန်းကျိုးရဲ့မိန့်ခွန်းပြီးသွားပြီး နောက်ကိုလှည့်လာသည်။

ငါမင်းကိုလုံးဝပေးမကိုက်နိုင်ဘူး [ မြန်မာဘာသာပြန် ]Where stories live. Discover now