Ch-4

912 200 18
                                    

Unicode

ကာယချိန်မှာ ကံမကောင်းစွာနဲ့ အုပ်မှိုင်းမှိုင်းရာသီဥတု ကနေ သာယာတဲ့ အနေအထားကို ပြောင်းသွားခဲ့သည်။ ကာယဆရာက ကျောင်းသားတွေ အကုန်လုံး လေ့ကျင့်ခန်းမလုပ်ချင်တာကို တွေ့တဲ့အတွက် တန်းခွဲခိုင်းလိုက်ပြီး လွတ်လွတ်လပ်လပ် ကစားခိုင်းလိုက်တယ်။

ချီလဲ့က သစ်ပင်တစ်ပင်ကို မှီပြီး စပါကလင်ဘူးကို ကိုင်ကာ ဘတ်စကတ်ဘောကွင်းဘက်ကို ကြည့်နေပြီး ကျန်းချန်က သူ့ဘေးက ဘားတန်းပေါ်မှာ ထိုင်ရင်း ဂိမ်းစက်နဲ့ ဂိမ်းဆော့နေတယ်။

ဒီနေ့ရဲ့ ဘတ်စကတ်ဘောကွင်းက စိတ်လှုပ်ရှားစရာအပြည့်ပဲ။ ရှန်းကျိုးနဲ့ ချန်ယွင်ကျိုးက ကွင်းထဲမှာ ဘတ်စကတ်ဘော ကစားရင်း ချွေးဒီးဒီးကျနေသည်။ ဘတ်စကတ် ဘော ကလပ်ခေါင်းဆောင်ဖြစ်ပြီး ဘတ်စကတ်ဘောအသင်းဝင်လည်း ဖြစ်တဲ့  ဖန့်ယွိနျန်က ဘေးအခန်းအသင်းကနေ ဝင်ဆော့နေတယ်။

နေရောင်က ဘတ်စကတ်ဘောကွင်းထဲကို ကျရောက်နေပြီး ကွင်းထဲမှာ ရှန်းကျိုးက အတောက်ပဆုံးတစ်ယောက် ဖြစ်နေအောင် လူတွေသူ့ကို အာရုံစိုက်ဖို့ နေရောင်က တစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့ပေးနေသလိုပဲ။

ချီလဲ့က ရှန်းကျိုးရဲ့ ခြေတံရှည်တွေရယ် ပြေးတဲ့အခါထွက်လာတဲ့ခြေထောက်ကြွက်သားတွေကို ကြည့်ပြီး တစ်ခု သိလိုက်ရသည်။ ရှန်းကျိုးက သူ့ထက် အရပ်ရှည်ရုံသာမက သူ့လက်ကောက်ဝတ်တွေကလည်း သူ့ထက် သန်မာတယ်။ သူ့အသားအရည်ကလည်း  ယောင်္ကျားပီသတဲ့ ပျားရည်ရောင်အသားအရည် နူးညံ့ပြီး သန်လှတဲ့ ဆံပင်တွေလည်းရှိတယ်။

ချွေးတစ်စက်က ရှန်းကျိုးရဲ့မေးစေ့၊ လည်တိုင်က လည်စေ့အထိ စီးကျလာတာကို ချီလဲ့ မျက်စိမလွှဲနိုင် ငေးကြည့်နေမိသည်။

လောကကြီးထဲမှာ Omegaပေါင်း တစ်သိန်းလောက်ရှိတဲ့ထဲကမှ ရှန်းကျိုးလို အရပ်ရှည်ရှည်တောင့်တောင့်ဖြောင့်ဖြောင့် Omega ကို ဘယ်လိုများ ရွေးချယ်တာလဲဆိုတာ စဉ်းစားလို့ကိုမရဘူး။ သူ့ကိုဖက်လို့မရဘူး။ သူ့ကိုနမ်းဖို့ဆိုရင် ငါ့ခြေထောက်တွေဘယ်လိုလုပ်မလဲ။ အကုန်လုံးက သူ့ထက်ကြီးနေတယ်။ မဟုတ်မှလွဲ တစ်နေရာရာ များ......
(t.n/ လဲ့လဲ့လေး ဘာတွေတွေးနေတာတုန်း)

ငါမင်းကိုလုံးဝပေးမကိုက်နိုင်ဘူး [ မြန်မာဘာသာပြန် ]Where stories live. Discover now