Ch-1

1.7K 282 8
                                    

{ Unicode }

ချီလဲ့ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ သူ့ရန်သူရဲ့မျက်နှာကို နီးကပ်စွာမြင်လိုက်ရသည်။

ရှန်းကျိုးက သူ့ဘေးမှာ လဲလျောင်းနေပြီး ပျော့ပျောင်းနေတဲ့အနက်ရောင်ဆံပင်တွေက သူ့မျက်နှာတစ်ဝက်ကို ဖုံးလွှမ်းထားတယ်။ သူ့ပုံစံက ခါတိုင်းထက် နည်းနည်း ပိုပင်ပန်းနေပုံရပြီး မျက်လုံးများကို ပေါ့ပေါ့ပါးပါးမှိတ်ထားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။

ချီလဲ့က လန့်ပြီး အလန့်တကြား ထလိုက်တယ်။

အရမ်းနီးကပ်လွန်းတယ်!

သူက ရှန်းကျိုးနဲ့ ဘယ်လိုလုပ် ဒီလောက်ရင်းနှီးနေတာလဲ။

ရှန်းကျိုးလက်မောင်းက ဘာလို့ သူ့ခါးကိုနားရောက်နေတာလဲ။

ဒါက ဘယ်နေရာလဲ။

ချီလဲ့ စိတ်ထဲမှာ မရေမတွက်နိုင်သော မေးခွန်း အမှတ်အသားတွေ ထွက်ပေါ်လာပြီး ရှန်းကျိုးကို တည့်တည့် စိုက်ကြည့်ကာ တုံ့ပြန်ရန် မေ့သွားသည်အထိ တုန်လှုပ်နေခဲ့သည်။

ကန့်လန့်ကာများကို တစ်ဝက်ဖွင့်ထားတဲ့အတွက် ကျန်တစ်ဝက်မှနေရောင်က အခန်းထဲသို့ ကျဆင်းလာကာ ရှန်းကျိုး မျက်နှာပေါ်ရှိ ပါးလွှာသောမျက်ခွံများပေါ်တွင် အလင်းရိပ်တွေ စွန်းထင်းနေတယ်။

ရှန်းကျိုးရဲ့မျက်ခွံတွေက လှုပ်ခတ်သွားသော်လည်း မျက်လုံးမဖွင့်ဘဲ ချီလဲ့ကို သူ့ရင်ခွင်ထဲသို့ အတိအကျ ပြန်ဆွဲထည့်လိုက်ပြီး

"ဘာဖြစ်လို့လဲ အိပ်မက်ဆိုးမက်လို့လား?"

ချီလဲ့ လုံးဝ အေးခဲသွားသည်။ သူက သူ့ခန္ဓာကိုယ်ပေါ်ကနေ အနံ့သင်းသင်းလေးကို ရလိုက်တယ်။ အဲ့တာကAlpha ဖယ်ရိုမုန်းအနံ့နဲ့ဆင်တူပြီးကို အနံ့ခံသော်လည်း အနံ့မှာ အလွန်အားနည်းနေတဲ့အတွက် အဲ့တာကဘာလဲဆိုတာသူ မသိဘူး။ချီလဲ့က မျက်မှောင်ကြုတ်ကာ၊ ရှန်းကျိုးလို Beta တစ်ယောက်ဖြစ်တဲ့သူ့ဆီက Alpha အနံ့ ဘယ်လိုလုပ်ရမှာလဲ။

ရှန်းကျိုးက ချီလဲ့ပြန်မဖြေတော့ မျက်လုံးမှိတ်ရင်းနဲ့ပဲ ချီလဲ့ ခေါင်းကိုဖွဖွလေး ပွတ်သပ်ရင်း သူ့ရဲ့ ပျော့ပျောင်းတဲ့ ဆံပင်တွေထဲကို လက်ချောင်းတွေ နဲ့ဖွကာ နှစ်သိမ့်ပေးနေတယ်။

ငါမင်းကိုလုံးဝပေးမကိုက်နိုင်ဘူး [ မြန်မာဘာသာပြန် ]Där berättelser lever. Upptäck nu