Ch-9

1.3K 193 11
                                    

Unicode

ရေချိုးပြီးနောက် ရှန်းကျိုးသည် သူ့ဆံပင်များကို သုတ်ရင်း ထွက်လာကာ ကုတင်ဘေးရှိ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ချန်ယွင်ကျိုး လင့်ခ်တစ်ခု ပို့ထားသည်ကို တွေ့လိုက်ရသည်။

ကုတင်ဘေးမှာထိုင်ပြီး ဝဘ်ဆိုဒ်ကို နှိပ်လိုက်တာနဲ့ သူဖွင့်ထားတဲ့ စာမျက်နှာဟာ ကျောင်းဖိုရမ်တစ်ခု ဖြစ်သွားပါတယ်။

ဤအရာများကို သူဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဘဲ ငြီးငွေ့လာပြီး ပိတ်ချင်လာသောအခါတွင်တော့ အပေါ်က ကြီးမားလှတဲ့ ခေါင်းစဉ်က { Alphaကိုမကြောက်တဲ့သတ္တိခဲချီချီ } ပါတဲ့။
(t.n / သတ္တိခဲလဲ့လဲ့ )

ရှန်းကျိုး ချီလဲ့ အကြောင်းကို တွေးရင်း လက်ချောင်းများဖြင့် အောက်ကို ဆွဲကြည့်လိုက်သည်။

ခေါင်းစဉ်အောက်က ပုံက ရှင်းလင်းနေပြီး ဓာတ်ပုံထဲတွင် ချီလဲ့နှင့် ဖန့်ယွိနျန်တို့ မျက်နှာချင်းဆိုင် ရပ်နေကြသည်။  ဖန့်ယွိနျန်အဝတ်အစားတွေက စိုစွတ်နေပြီး ချီလီက သူ့ကို ကြည့်နေသည်။  နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အေးစက်စွာ ကြည့်နေကြသည်။ ဓာတ်ပုံရိုက်သူက ပြဿနာ ကြီးကြီးမားမား ဖြစ်သွားမည်ဟု မထင်ခဲ့ပေ။

ရှန်းကျိုးက ဖုန်းထဲက ဓာတ်ပုံကို မျက်မှောင်ကြုံ့ကာ တခဏလောက်စိုက်ကြည့်နေခဲ့သည်။ ဖိုရမ်မှာတင်ထားတဲ့လူက ပြဿနာအစဆုံးကို သေချာရှင်းပြထားပြီး လူပေါင်းများစွာက Comment များပေးထားကြသည်။

[ဖန့်ယွိနျန်က တိုက်ခိုက်ဖို့သာမပြောတာ ချီလဲ့ကိုဖိနှိပ်ဖို့ဖယ်ရိုမုန်းတွေကို သုံးခဲ့တယ်။ အဲ့တုန်းက ငါ့ဘေးက အိုမီဂါအတန်းဖော်ဆို မတ်တတ်တောင်မရပ်နိုင်တော့ဘူး။]

[အပေါ်ကလူရေ အဓိပ္ပါယ်မရှိတာတွေမပြောပါနဲ့။ ဖန့်ယွိနျန်က ဒေါသထွက်သွားလို့ဖယ်ရိုမုန်းတွေ မထိန်းလိုက်နိုင်တာပါနော်။ ကျန်းချန်သတိပေးလိုက်တာနဲ့ သူပြန်သိမ်းလိုက်ပါတယ်နော်။ ပြီးတော့ ချီလဲ့ကBetaမို့လို့ ဖယ်ရိုမုန်းတွေက သူ့အပေါ် သက်ရောက်မှုမှမရှိပဲ]

[ပုံက တကယ်မျက်စိဖမ်းစားလွန်းတယ်။ ဖန့်ယွိနျန်က ထုံးစံအတိုင်းကြည့်ကောင်းနေတယ်။ မထင်ထားတာက ချီလဲ့က ဒီလောက်နွေးထွေးနူးညံ့နေတာပဲ။ ချီလဲ့သာ အယ်လ်ဖာဆို ငါသူ့ကို လိုက်တယ်။ ကံဆိုးတာက သူက betaဖြစ်နေတယ်။ ငါလည်း heatကာလမှာ တစ်ယောက်တည်းမနေချင်ဘူး။]

You've reached the end of published parts.

⏰ Last updated: Nov 09, 2023 ⏰

Add this story to your Library to get notified about new parts!

ငါမင်းကိုလုံးဝပေးမကိုက်နိုင်ဘူး [ မြန်မာဘာသာပြန် ]Where stories live. Discover now