Ch-6

922 179 11
                                    

Unicode

အတန်းထဲပြန်ရောက်တော့၊ အပြင်မှာတိုက်နေတဲ့လေက ပိုပြင်းလာတယ်။ ကြည့်ရတာ တော်တော်ကြာတဲ့ထိ တိုက်နေဦးမယ့်ပုံရှိတယ်။ လေအေးတွေနဲ့အတူ နှင်းတွေလည်းကျလာတယ်။ တဗြောင်းဗြောင်း မြည်သံတွေကြောင့် ချီလဲ့ အပြင်ကိုကြည့်လိုက်မိတယ်။ နှင်းမဟုတ်ဘူး မိုးသီးတွေပဲ။

သူ့တို့နှစ်ယောက် နေရာတစ်နေရာရှာပြီး ထိုင်လိုက်ကြသည်။ တိမ်မဲတွေ အုပ်ဆိုင်းနေတဲ့ ခပ်မှိန်မှိန် မီးရောင်အောက်က စာသင်ခန်းက အတော်လေးတုန်လှုပ်ခြောက်ခြားစရာ ကောင်းလှသည်။

ချီလဲ့ ဖုန်းကိုထုတ်ကြည့်လိုက်တော့ လိုင်းကလုံးဝ စုတ်ပျက်နေပြီး ဘယ်သူ့ကိုမှခေါ်လို့မရဘူး။ ကြည့်ရတာ ဦးလေးလီရဲ့ကားက  လမ်းပိတ်နေပုံရတယ်။ ခဏလောက်တော့ ရောက်လာဦးမှာမဟုတ်ဘူး။ ချီလဲ့ ချွေးပြန်နေတဲ့ လက်ဖဝါးတွေကို ပွတ်လိုက်တယ်။

ရှန်းကျိုး သူ့ကိုကြည့်လိုက်တော့ ချီလဲ့က မိုးသီးမုန်တိုင်းကိုလန့်နေပြီး မျက်နှာက ဖြူရော်နေတယ်။ ရှန်းကျိုး နှုတ်ခမ်းတွေကွေးလိုက်ပြီး

" မိုးသီးတွေကို ကြောက်လို့လား "

ချီလဲ့ တောင့်ခဲသွားပြီး

" အဓိပ္ပါယ်မရှိတာ! ငါကဘာကိုမှမကြောက်ဘူး "

ရှန်းကျိုး : " Ohhh.... "(ပြုံး)

သူနည်းနည်းတော့မယုံနိုင်ဘူး။ ချီလဲ့က အမြဲအကြောက်အလန့်ကင်းတယ်။ မိုးခြိမ်းသံတောင်မကြောက်တတ်ဘူးမဟုတ်လား။ သူကဘယ်လိုလုပ် မိုးသီးရွာတာကို ဒီလောက်ကြောက်နေတာလဲ?။

ချီလဲ့ သတ္တိရှိကြောင်း ပြောပြီးတဲ့နောက်၊ သူအပြင်ဘက်ကို ကြည့်လိုက်တယ်။ ကောင်းကင်က တိမ်မဲတွေ ပြည့်နှက်နေတာကို ကြည့်ပြီး ရင်ဘတ်ထဲ တင်းကြပ်လာတယ်။ မသိရင် သူအဲ့ တိမ်မဲတွေထဲ နစ်မြုပ်သွားသလိုပဲ။.

မိုးသီးတွေက တစ်လုံးပြီးတစ်လုံး ပြတင်းပေါက်ကို ရိုက်ခတ်နေတယ်။ ချီလဲ့ရဲ့ ခန္ဓာကိုယ်က မသိမသာ တစ်ချက်တစ်ချက် တုန်သွားတယ်။ သူ့မျက်နှာကဖြူလျော်နေပြီး မျက်လုံးတွေက အာရုံပျံ့လွင့်နေသလို ဗလာဖြစ်နေတယ်။ နှုတ်ခမ်းတွေက တုန်နေပြီး သနားစကာကောင်းလှသည်။

ငါမင်းကိုလုံးဝပေးမကိုက်နိုင်ဘူး [ မြန်မာဘာသာပြန် ]Where stories live. Discover now