Prologue(နိဒါန်း)

7.6K 335 3
                                    

'' ဖိုးဖိုး သားတို့ဘယ်‌သွားကြမှာလဲ'' ၈နှစ်‌အရွ‌ယ်‌က‌လေးက‌မေးလိုက်‌တယ်‌။

'' Timmy, ဖိုးဖိုးတို့က ဖိုးဖိုးရဲ့အထူး‌နေရာကို သွားကြမှာ, ဖိုးဖိုးရဲ့ဆန္ဒ‌တွေ‌ကို ဖြည့်‌‌ပေးတဲ့‌နေရာ‌ ‌မြေး‌ရဲ့ဖွားဖွား‌တောင်‌မသိတဲ့‌‌နေရာ‌ပေါ့''

''ဖိုးဖိုးရဲ့ လှို့ဝှက်‌‌နေရာလား'' ‌ကောင်‌‌လေးက စိတ်‌လှုပ်‌ရှားစွာနဲ့‌ မေးလိုက်‌တယ်‌။

''ဟုတ်‌တယ်‌, ပန်း‌တွေ‌အမြဲတမ်းပွ‌င့်‌‌နေတဲ့ ဥယျာဉ်‌‌ပေါ့ , ဖိုးဖိုးက ‌မြေးကို အဲ့ဒီဥယျာဉ်‌ကို ‌စောင့်‌‌ရှောက်‌‌စေချင်‌တာ''

''သားတို့ ‌ရောက်‌‌တော့မှာလား''

'' နည်းနည်းထပ်‌‌လျှောက်‌ရဦးမယ်‌ Timmy''

‌ကောင်‌‌လေးနဲ့လူကြီးက ‌ကျောက်‌နံရံနားက ဥယျာဉ်‌ထဲကို ‌ရောက်‌လာကြတယ်‌။ ‌ကောင်‌‌လေးက ပန်း‌တွေ‌အပြည့်‌ပွ‌င့်‌‌နေတာကို တအံ့တသြနဲ့ကြည့်‌‌နေတယ်‌။ ‌‌ကောင်‌‌လေးက ဥယျာဉ်‌ထဲမှာ‌ပျော်‌ရွှင်‌စွာ ‌လျှောက်‌သွား‌နေတယ်‌, ဆု‌တောင်းပြည့်‌‌ရေတွ‌င်းနား‌ရောက်‌‌တော့ ရပ်‌လိုက်‌တယ်‌။

''ဖိုးဖိုး ဒါဘာလဲ'' က‌လေးက ‌ရေတွ‌င်းကိုလက်‌ညိုးထိုးရင်း‌မေးတယ်‌။

''အိုး...အဲ့ဒါ ဖိုးဖိုးရဲ့ဆု‌တောင်း ပြည့်‌‌ရေတွ‌င်း‌ပဲ ‌မြေး‌လေးဟာလဲ ဟုတ်‌တယ်‌‌လေ''

''ဆု‌‌တောင်းပြည့်‌ရေတွ‌င်း? အဲ့ဒီ‌တော့ သားဆန္ဒတစ်‌ခုပြုလိုက်‌ရင်‌ တကယ်‌ဖြစ်‌လာမှာလား''

''ဖြစ်‌လာမှာ‌ပေါ့, ဒါ‌ပေမယ့်‌ တစ်‌ချို့ဆန္ဒတွေ‌ကအချိန်‌ယူရတယ်‌, ‌မြေးစမ်း‌ကြည့်‌ချင်‌လား''

''ဟုတ်‌, သားမှာအ‌ကြွေ‌‌စေ့ရှိတယ်‌ , လုပ်‌ကြည့်‌ရမလား''

''ဒါ‌ပေါ့, ‌မြေးရဲ့နှလုံးသားထဲက‌နေ အားရပါးရဆု‌တောင်းပြီးရင်‌ အ‌ကြွေ‌‌စေ့ကိုဖြည်းဖြည်းချလိုက်‌'' သူ့အဖိုး‌ပြောတဲ့အတိုင်း က‌လေး‌လေးက လုပ်‌လိုက်‌တယ်‌။

'' ‌မြေးရဲ့ဆန္ဒကိုအဖိုးသိလို့ရမလား Timmy''

''ရတာ‌ပေါ့, သားတို့ရဲ့ည‌နေစာမှာ ကြက်‌သားဟင်းပါပါ‌စေလို့ ဆု‌တောင်းလိုက်‌တာ'' ‌ကောင်း‌လေးကရယ်‌တယ်‌။

Fire, Ice and Everything Nice(မြန်‌မာဘာသာပြန်‌)Where stories live. Discover now