Chapter 12 : Hands Off Witch! He Is Mine!

702 73 0
                                    

‌နောက်‌‌နေ့‌ရောက်‌‌တော့
ကျွန်‌‌တော်‌နဲ့Johnny
ရုံးကိုလာခဲ့ကြတယ်‌။ ‌မေ‌မေက
ကျွန်‌‌တော့်ကိုဖုန်း‌ခေါ်ပြီး
မင်္ဂလာပွဲစီစဉ်‌သူက ‌နေ့လယ်‌
‌ရောက်‌မယ်‌လို့‌ပြောတာ‌‌ကြောင့်‌
အလုပ်‌‌စော‌စောပြီးဖို့လိုတယ်‌
‌လေ။ ‌နေ့လယ်‌စာကို Lilyနဲ့
အတူစားကြပြီး‌နောက်‌ ကျွန်‌‌တော်‌
တို့ရုံးခန်းကိုပြန်‌လာခဲ့တယ်‌။
မင်္ဂလာပွဲစီစဉ်‌သူက ဘာလို့
‌နောက်‌ကျ‌နေပါလိမ့်‌။
‌နေ့လယ်‌၂နာရီ‌‌ရောက်‌‌တော့
Lilyကတစ်‌‌ယောက်‌‌ယောက်‌နဲ့
စကား‌ပြောပြီး ကျွန်‌‌တော့်‌ရုံးခန်း
တံခါးကိုဖွ‌င့်‌ပြီးဝင်‌လာတယ်‌။
ဖိုင်‌‌တွေ‌နဲ့အလုပ်‌များ‌နေတာ‌
‌ကြောင့်‌ ‌ဒေါက်‌ဖိနပ်‌သံကို
ကြား‌ပေမယ့်‌ သတိမထား
မိဘူး။

''Hi, ရှင်‌က Mr.Timmy Xu
လား?'' သူမက‌မေးတယ်‌။
ကျွန်‌‌တော်‌ကြည့်‌လိုက်‌‌တော့
အဲ့အမျိုးသမီးကို အရင်‌က
မြင်‌ဖူး‌နေတယ်‌။

Fu*k, အဲ့ဒါ Johnnyရဲ့
ရည်းစား‌ဟောင်းပဲဟ။ သူနဲ့
တိုက်‌မိတဲ့တစ်‌‌ယောက်‌ပဲ,

''ဟုတ်‌ပါတယ်‌'' ကျွန်‌‌တော်‌
ပြန်‌‌ဖြေတုန်းမှာပဲ ရုံးခန်းတံခါး
ပွ‌င့်‌လာပြီး Johnny
အ‌မောတ‌ကောနဲ့ဝင်‌လာတယ်။

''Hey Tim, ဒီမှာမင်း‌စောင့်‌‌နေတဲ့
အစီရင်‌ခံစာ, sorryကွာ
‌တော်‌‌တော်‌ကြာသွားတယ်‌''

''Oh, Hi Johnny, နင်‌ ဒီမှာ
အလုပ်‌လုပ်‌‌နေမှန်း ငါမသိဘူး''
အမျိုးသမီးက‌ပြောတယ်‌။

''Hello Angela, နင်‌က
မင်္ဂလာပွဲစီစဉ်‌သူလား?''

''ဟုတ်‌တယ်‌‌လေ'' သူမက
ကျွန်‌‌တော့်‌ဖက်‌လှည့်‌ပြီး
''Mr.Xu‌‌ရေ ရှင့်‌ချစ်‌သူနဲ့ပါ
မင်္ဂလာပွဲအ‌ကြောင်း‌ပြောမယ်‌
ဆိုရင်‌ပိုအဆင်‌‌ပြေပါလိမ့်‌မယ်‌''

''ကျွန်‌‌တော့်‌ချစ်‌သူက ဒီမှာရှိ
ပါတယ်‌''

''ငါကသူ့ချစ်‌သူပဲ‌လေ'' Johnny
က‌ပြောတယ်‌။

''တကယ်‌! နင်‌လိုင်း‌ပြောင်းသွား
မယ်‌လို့မထင်‌မိဘူး''

Johnnyကပြုံးရုံပဲပြုံး‌နေတယ်‌။
ကျွန်‌‌တော်‌ လည်‌‌ချောင်းရှင်းလိုက်‌ပြီး
သူမဖက်‌လှည့်‌ကာ,

Fire, Ice and Everything Nice(မြန်‌မာဘာသာပြန်‌)Where stories live. Discover now