Chapter 8 : (Eat a bit , Open up a little)

769 80 1
                                    

‌မှောင်‌လာတာ‌ကြောင့်‌
ကျွန်‌‌တော်‌တို့Timmyအိမ်‌
ကိုပြန်‌ခဲ့ကြပါတယ်‌။
နာနီLeonaက ကျွန်‌‌တော်‌တို့
အတွ‌က်‌ ခြံတံခါးဖွ‌င့်‌‌ပေးရင်း
ဘာဖြစ်လာတာလဲလို့
‌မေးတယ်‌...

''အမြစ်‌နဲ့တိုက်‌မိပြီး‌ချော်‌လဲ
တာ ကျွန်‌‌တော်‌မ‌ကောင်းတာပါ''
Timmyက‌ဖြေတယ်‌။

''‌ကောင်း‌ကောင်းမရပ်နိုင်‌ပဲနဲ့
ကိတ်‌ကိုဘယ်‌လိုပြင်‌မလဲသား''
သူမက‌မေးရင်း အိမ်‌‌ရှေ့တံခါး
ကိုဖွ‌င့်‌‌ပေးတယ်‌ တစ်‌‌ယောက်‌မှ
မရှိပါလား ထူးဆန်းလိုက်‌တာ။

''နာနီ, ကျွန်‌‌တော်‌ထိုင်‌ပြီး
ပြင်‌နိုင်‌ပါတယ်‌ အခုလမ်း‌လျှောက်‌
နိုင်‌ပါပြီ သိပ်‌မနာ‌တော့ဘူး''
Timmyက‌ပြောတယ်‌။

လမ်း‌လျှောက်‌နိုင်‌တယ်‌လို့
‌ပြော‌တော့ ကျွန်‌‌တော်‌သူ့ကို
ချ‌ပေးလိုက်‌တယ်‌။ ကျွန်‌‌တော်‌တို့
မီးဖို‌ချောင်‌ထဲဝင်‌သွား‌တော့
ကိတ်‌သုံးလုံးကအဆင်‌သင့်‌။
Timmyက စ‌တော်‌ဘယ်‌ရီနဲ့
ကီဝီသီးကို‌မေးတယ်‌
ကိတ်‌‌ပေါ်ကို‌‌မွ‌မ်းမံဖို့သကြားအဖြူ
က‌တော့ပြင်‌ပြီးသား။

Timmyက ကိတ်‌‌ပေါ်ကို
သကြားဖြူနဲ့ပြင်‌‌နေတဲ့အချိန်‌
ကျွန်‌‌တော်‌ကြည့်‌‌နေမိပါတယ်‌။
သူအရမ်းကိုဈန်‌၀င်‌‌နေပုံပါပဲ။
သီချင်းညည်းရင်းပြုံး‌နေပါ
တယ်‌။ ‌ပျော်‌‌နေတဲ့ပုံပါ,
သူ့ကိုဒီလိုပဲဖြစ်‌‌နေ‌စေချင်‌တယ်‌။
{နေပါဦး, ငါဘာ‌ပြောလိုက်‌တာလဲ?
သူ့ကိုကြိုက်‌‌နေတာလားဟ? }
ကျွန်‌‌တော့်‌‌ခေါင်းထဲကအသံ..
{ဟုတ်‌တယ်‌ ကြိုက်‌တယ်‌
သူငယ်‌ချင်းတစ်‌‌ယောက်‌လို}
ကျွန်‌‌တော်‌ပြန်‌‌ဖြေလိုက်‌တယ်‌။

''Johnny, Johnny‌ေ‌ရ!''
Timmy ကျွန်‌‌တော့်‌နာမည်‌‌ခေါ်‌
‌နေတယ်‌။

''အင်း..ဘာလဲ''

''ငါ့ကိုဓားယူ‌ပေးလို့ရမလားလို့
မေး‌နေတာဟ အဲ့ဒါမှငါအသီး‌
‌တွေ‌ကိုလှီးလို့ရမှာ‌လေ ဒါ‌ပေမယ့်‌
မင်းအသိစိတ်‌လွ‌တ်‌‌နေသလိုပဲ''

''ငါအသိစိတ်‌လွ‌တ်‌‌သွား
တာလား? Sorry,
ငါ့မိသားစုအ‌ကြောင်းစဉ်းစား
‌နေတာ'' ကျွန်‌‌တော်‌လိမ်‌လိုက်‌
တယ်‌။ ဓားယူ‌ပေးလိုက်‌ပြီး
‌အောက်‌ကခံလှီးဖို့အပြားပါ
ယူ‌ပေးလိုက်‌တယ်‌။

Fire, Ice and Everything Nice(မြန်‌မာဘာသာပြန်‌)Where stories live. Discover now