Chapter 10 : What's Next?

695 76 0
                                    

နမ်းခဲ့ကြတာက တစ်‌ပတ်‌‌တောင်‌ကြာ
ခဲ့ပြီဖြစ်‌‌ပေမယ့်‌ ကျွန်‌‌တော်‌က‌တော့
‌မေ့လို့မရ‌သေးဘူး။ အဲ့ဒါဖြစ်‌ပြီး
‌တော့ သူကကျွန်‌‌တော့်‌ကို‌ရှောင်‌‌နေ
တယ်‌။ ကျွန်‌‌တော်‌တို့နီးကပ်‌သွား
ကြတဲ့အချိန်‌တိုင်း မမြင်‌နိုင်‌တဲ့
အတားအဆီးတစ်‌ခုရှိ‌နေတယ်‌။
ကျွန်‌‌တော်‌တို့ပြန်‌‌ရောက်‌‌တော့
အရာရာတိုင်းကပုံမှန်‌ပြန်‌ဖြစ်‌
သွားတယ်‌။ ‌'Lunch Date'
‌တွေ့‌ဖြစ်‌‌နေကြ‌ပေမယ့်‌
အခုချိန်‌မှာ‌တော့ Lilyက
ကန့်‌လန့်‌(Third Wheel)ပါ
လာပါပြီ။  ကျွန်‌‌တော်‌တို့‌ပေါက်‌ကရ
‌တွေ‌လျှောက်‌‌ပြောကြတယ်‌,
ရိုးအိီ‌နေတဲ့ဟာသ‌တွေ‌‌ပြော
ကြတယ်‌, ကျွန်‌‌တော်‌တို့ထိုင်‌
‌နေတဲ့စား‌သောက်‌ဆိုင်‌ထဲဖြတ်‌
သွားတဲ့လူ‌တွေ‌အ‌ကြောင်း‌
‌ပြောကြတယ်‌။

ကျွန်‌‌တော်‌အိမ်‌အသစ်‌ကိုပြန်‌
လာ‌တော့ စိုးရိမ်‌ပူပန်‌‌နေတဲ့
အ‌မေ့ကို‌တွေ့‌ရတယ်‌။

''ဘာဖြစ်‌တာလဲ အ‌မေ?''
ကျွန်‌‌တော်‌‌မေးတယ်‌။

''အ‌မေ သားကို‌ကောင်း‌ကောင်း
နားလည်‌တယ်‌ Johnny,
အ‌မေက သားအ‌မေ‌လေ
ဘာ‌တွေ‌စိတ်‌ရှုပ်‌‌နေလဲ သား?''

''ဘာမှမဟုတ်‌ပါဘူး အ‌မေ''

''သား ‌ပြောတာကို အ‌မေအား
လုံးနား‌ထောင်‌‌ပေးမယ်‌, ‌ပြော
လိုက်‌ရင်‌ သားနည်းနည်း‌ပေါ့
သွားတာ‌ပေါ့''

''သားလဲဘယ်‌လို‌ပြောရမလဲမသိ
‌တော့ပါဘူး အ‌မေရယ်‌, ဒီခံစား
ချက်‌ကသားအတွ‌က်‌အသစ်‌
ဖြစ်‌‌နေတယ်‌, ရှုပ်‌‌ထွေး‌နေ
တာပဲ , သား ကိုယ်‌တိုင်‌
‌တောင်‌ ဘာလုပ်‌ရမယ်‌မှန်း
မသိဘူး အဲ့ခရီးမှာ ကျွန်‌‌တော့်
ရဲ့အရင်‌ပုံစံကို‌မေ့ခဲ့တာ
ဖြစ်‌မယ်‌''

''အ‌မေနားလည်‌ပါတယ်‌
သား အဆင်‌သင့်‌မဖြစ်‌‌သေး
ဘူးဆိုရင်‌ အ‌မေဖိအားမ‌ပေး
ပါဘူး ဒါ‌ပေမယ့်‌ ဒါ‌တော့အမြဲ
မှတ်‌ထားပါ သား‌ပြောတာကို
နား‌ထောင်‌ဖို့အ‌မေရှိ‌နေတယ်‌
‌နော်‌ အချိန်‌ယူလိုက်‌ပါဦး
သား‌လေး ဒီအချိန်‌မှာ
နားတာအ‌ကောင်းဆုံးပဲ
အ‌လောတကြီးမလုပ်‌နဲ့''
အ‌မေက‌ပြောပြိီးထွ‌က်‌သွား
တယ်‌။

Fire, Ice and Everything Nice(မြန်‌မာဘာသာပြန်‌)Where stories live. Discover now