(ဒီအပိုင်းမှာ သူတို့၂ယောက်
Johnnyအိမ်မှာ ဇတ်ကားကြည့်
နေတဲ့နေရာကနေစမှာပါနော်)တတိယမြောက်ဇတ်ကားကြည့်
နေရင်းနဲ့ Timmyရဲ့
ဟောက်သံတိုးတိုးလေးကို
ကြားလိုက်ရတယ်။ အိပ်နေတဲ့
အချိန်ဆို အရမ်းအပြစ်ကင်း
တာပဲ။ သူ့ကိုမနှိုးရက်တဲ့အပြင်
ကျွန်တော့်ပေါင်ပေါ်မှာ
သက်သောင့်သက်သာအိပ်နေ
တာကိုတောင် ကျွန်တော်က
သဘောကျနေသေးတာ။
သူ့ဆံပင်လေးတွေကိုဆက်ပြီး
ပွတ်သပ်ပေးနေမိတယ်။
သူ့အတွက် ကျွန်တော်ဇတ်ကား
ပြီးအောင်ကြည့်ရမယ် ဒါမှ
မနက်ဖြန်သူမေးရင် ဖြေနိုင်မှာ။ဇတ်ကားတစ်ဝက်လောက်
ရောက်ချိန်မှာ သူအိပ်နေရင်း
လှုပ်နေတာကို သိလိုက်တယ်။
အိပ်မက်မက်နေတာဖြစ်မယ်
ထင်လို့ ဒီတိုင်းထားလိုက်တယ်။
ကျွန်တော်မှန်တယ်, သူအိပ်မက်
မက်နေတာ, ဘာလို့လဲဆိုတော့
၁၀မိနစ်လောက်ကြာတော့
ငိုသံတိုးတိုးလေးကို ကြားလိုက်ရတယ်လေ။ သူ့ရဲ့
ရှိုက်သံလေးက ကျွန်တော့်
နှလုံးကို ထိုးခွဲနေသလိုပဲ။ သူဘာကြောင့်ငိုရတာလဲ?
ဘာတွေမက်နေလို့လဲ?
ငိုနေတာ၅မိနစ်လောက်ကြာပြီး
ရပ်သွားတယ်။ဇတ်ကားကဇတ်ရှိန်တက်
နေချိန်မှာပဲ သူ့ငိုသံကို
ထပ်ကြားရပြန်တယ်, ဒါပေမယ့်
ဒီတစ်ခါတော့ မျက်ရည်ပူတွေ
ကျလာတာကိုပါ ကျွန်တော်ခံစား
လိုက်ရတယ်။ တော်တော်ကြီးကို
ငိုနေတာ။ နိုးလာအောင်လို့
သူ့ခန္ဓာကိုယ်ကို လှုပ်နှိုးပေမယ့်
မရဘူး။ ခန္ဓာကိုယ်လေး
သိမ့်သိမ့်တုန်အောင် ငိုနေတုန်း။
ကျွန်တော် သူ့နာမည်ကိုခေါ်,
ကျောလေးကိုပွတ်ပေးပြီး
သူ့ကိုစကားပြောလိုက်တယ်
ဒါမှသူနိုးလာမှာလေ , ဒါပေမယ့်
မရဘူး။''Timmy, ချစ်လေး ကျေးဇူးပြုပြီး
ထပါတော့ ကိုယ့်ကိုအဲ့လိုမခြောက်
ပါနဲ့'' သူ့ခန္ဓာကိုယ်ကို ခပ်ကြမ်း
ကြမ်းလှုပ်နှိုးလိုက်တော့
နိုးလာတယ်။
YOU ARE READING
Fire, Ice and Everything Nice(မြန်မာဘာသာပြန်)
FanfictionCredit to SweetestSin1314 ၂၁အရွယ် မီလျှံနာလေး Timmy ရယ်... အလုပ်၃ခုလုပ်ပြီး ဘ၀ကိုကြိုးစားနေနေရတဲ့ Johnny ရယ်.... ဘာသာပြန်အရည်အချင်းကြောင့် ဖတ်ရတာအဆင်မပြေတာများရှိလာခဲ့ရင် ကြိုပြီးအားနာပါတယ်ရှင် May(Shangyin)