''Johnny, ထတော့ ၄နာရီရှိပြီ '' သူ့အမေက သာသာလေးပုတ်ပြီး နှိုးတယ်။အချိန်ကိုကြားတော့ Johnny
ထလိုက်တယ်။ ၄နာရီတောင်
ရှိပြီဟ ပြင်ဆင်ဖို့နာရီဝက်ပဲ
အချိန်ရတော့တယ် , သူ့ကိုယ်သူ
ပြောလိုက်တယ်။ရေချိုးခန်းထဲအမြန်ဝင်သွားပြီး
ရေချိုးတယ်, မနက်စာစားပြီး
စက်ဘီစီးပြီး အလုပ်ကိုလာ
တယ်။ သူ့ရဲ့အလုပ်၃ခုထဲက
ပထမတစ်ခုကိုပေါ့။မနက်၅နာရီကနေ မနက်၇နာရီအထိ ပစ္စည်းလိုက်ပို့တယ်, မနက်၈နာရီကနေ ညနေ၅နာရီအထိက စာကြည့်တိုက်မှာ
လုပ်တယ်, ညနေ၆နာရီကနေ ည၁၂နာရီအထိကတော့ ဘားမှာ။ဘာလို့ အလုပ်၃ခုတောင်လဲ?
ကောင်းပြီ, Johnny က
မချမ်းသာဘူးလေ။ သူကောလိပ်တက်နေတုန်း
အဖေဆုံးတယ်။ အကြီးဆုံးသားဆိုတော့ မြို့စာကြည့်တိုက်မှာ စာလေ့လာရင်း
စာအုပ်သိမ်းတဲ့သူလုပ်တယ်။ ဘွဲ့ရပြီးတော့ ကုမ္ပဏီအများကြီးမှာ
အလုပ်လျှောက်ပြီး ခေါ်မှာစောင့်တယ် ဒါပေမယ့်မရဘူး။ သူ့အမေနဲ့ ညီမလေး
နှစ်ယောက်ကို အငတ်မထားနိုင်တော့
ရတဲ့အလုပ်လုပ်ရတယ် အဲ့ဒါမှ
စားဝတ်နေရေးအဆင်ပြေမှာကိုး။'' Johnny ရေ , လိုက်ပို့ဖို့
အဆင်သင့်ဖြစ်ပြီလား''''ဟုတ်ကဲ့ ဆရာ'' ကြက်ဥတွေ၊ ထောပတ်တွေ၊ နွားနို့တွေကို ကားထဲထည့်ရင်း ပြန်ဖြေတယ်။
'' ဒီမှာ မင်းဒီနေ့လိုက်ပို့ရမယ့်
လမ်းကြောင်းလိပ်စာ'' သူဌေးက သူ့ပုခုံးကို ပုတ်ပြီးအားပေးတယ်။'' ပို့လိုက်ပါ့မယ် ကျေးဇူးပါ ဆရာ ''
......................................
ပစ္စည်းလိုက်ပို့ပြီးတော့ စက်ဘီးစီးကာ
မြို့စာကြည့်တိုက်ကိုလာခဲ့တယ်။
ပစ္စည်းလိုက်ပို့တာစောစောပြီးလို့
၁နာရီလောက်အချိန်ရသေးတယ်။
ပိုက်ဆံအိတ်ကိုထုတ်လိုက်ပြီး
အကြွေရေကြည့်လိုက်တော့
ကော်ဖိုး၁ခွက်ဖိုးလောက်တယ်။
YOU ARE READING
Fire, Ice and Everything Nice(မြန်မာဘာသာပြန်)
Fan FiktionCredit to SweetestSin1314 ၂၁အရွယ် မီလျှံနာလေး Timmy ရယ်... အလုပ်၃ခုလုပ်ပြီး ဘ၀ကိုကြိုးစားနေနေရတဲ့ Johnny ရယ်.... ဘာသာပြန်အရည်အချင်းကြောင့် ဖတ်ရတာအဆင်မပြေတာများရှိလာခဲ့ရင် ကြိုပြီးအားနာပါတယ်ရှင် May(Shangyin)