Chapter 3 : Blessing In Disguise(အဆိုးထဲကအ‌ကောင်း)

1.4K 112 0
                                    


''Johnny ‌ကျေးဇူးပြုပြီး အားတင်းထားပါ သတိထားပါဦး
ဘုရား‌ရေ...'' ကျွန်‌‌တော်‌ငို‌မိတယ်‌
Denmarkက‌တော့ အဲ့ဒီလူရမ်းကား‌တွေ‌ကို
လိုက်‌ဖမ်း‌နေတုန်း။

ကျွန်‌‌တော်‌မယုံနိုင်‌ဘူး။ Xander က
ဖွ‌န်‌‌ကြောင်‌ရတာနဲ့ အလုပ်‌ရှုပ်‌‌နေတုန်း
‌ဘေးနားကစတိုးဆိုင်‌ကို ‌စီးကရက်‌ထွ‌က်‌၀ယ်‌မိတာ အဲ့အချိန်‌မှာပဲ ရုတ်‌တရက်‌ အေ‌နာက်‌တိုင်း ၀တ်‌စုံပြည့်‌ဝတ်‌ထားတဲ့
လူတစ်‌စုက ကျွန်‌‌တော်‌သွားမယ့်‌လမ်းကို
ပိတ်‌ထားပြီး လိုက်‌ဖမ်း‌တော့တာပဲ။
ကျွန်‌‌တော်‌‌ပြေးရင်းနဲ့ လူတစ်‌‌ယောက်‌ကိုမြင်‌‌တော့ ကူညီ‌ပေးဖို့
လှမ်း‌အော်‌လိုက်‌တာ။ အဲ့လူက
Johnny ဖြစ်‌‌နေမှန်းမသိခဲ့ဘူး ..
ကျွန်‌‌တော့်‌ကိုတားပြီး Tequilaပုလင်း‌တွေ‌‌ပေးတယ်‌ သူအလုပ်‌လုပ်‌တဲ့ အရက်‌ဘားကိုယူသွား‌ပေးဖို့ ‌ပြောတယ်‌ တိုက်‌ဆိုင်‌စွာနဲ့ပဲ ကျွန်‌‌တော်‌တို့‌သောက်‌‌နေတဲ့ ဘားဖြစ်‌‌နေတယ်‌။ ကျွန်‌‌တော်‌တတ်‌နိုင်‌သမျှ မြန်‌မြန်‌‌ပြေးသွားပြီး Johnny ကိုကူညီဖို့ ကျွန်‌‌တော့်‌သူငယ်‌ချင်း‌တွေ‌ကိုရှာတယ်‌။
Denmark ကို‌တွေ့‌‌တော့ သူငယ်‌ချင်းတစ်‌‌ယောက်က ကျွန်‌‌တော့်‌ကိုကယ်ဖို့လုပ်‌ရင်း အန္တရာယ်‌‌တွေ့‌‌နေပြီလို့ ‌ပြောလိုက်‌တယ်‌။
သူကအပြင်‌ကို မြန်‌မြန်‌‌ပြေးထွ‌က်‌သွားတာ‌ကြောင့်‌
Robin နဲ့ Xander က ကျွန်‌‌တော့်‌ဆီလာကြတယ်‌။ သူတို့ကိုလဲ ကျွန်‌‌တော့်‌သူငယ်‌ချင်းတစ်‌‌ယောက်‌
အန္တရာယ်‌ရှိ‌နေပြီလို့‌ပြောပြပြီး ကျွန်‌‌တော်‌တို့ အပြင်‌ကို‌ပြေးထွ‌က်‌လာကြတယ်‌။
အဲ့အချိန်‌မှာပဲ လူရမ်းကားတစ်‌‌ယောက်‌က ‌ဘေ့‌(စ်‌)‌ဘောတုတ်‌တံနဲ့ Johnny‌ခေါင်းကို
ရိုက်‌ချလိုက်‌တာကို မြင်‌လိုက်‌ရတယ်‌။
Denmarkက ‌သေနတ်‌တစ်‌ချက်‌ပစ်‌လိုက်‌ပြီး လူရမ်းကား‌တွေ‌ကိုသတိ‌ပေးလိုက်‌တယ်‌။
ကျွန်‌‌တော်‌ Robin ကို Johnnyလဲ‌နေတဲ့‌နေရာကို ဆွဲ‌ခေါ်လာပြီး သူ့ဒဏ်‌ရာကိုကြည့်‌ခိုင်းလိုက်‌တယ်‌။
Robinက သူ့ကားထဲက အ‌ရေး‌ပေါ်‌ဆေးအိတ်‌ကို Xander ကို
ယူလာခိုင်းတယ်‌။ Robinက အ‌ရေး‌ပေါ်ကား‌ကို ၁၀မိနစ်‌အတွ‌င်းရောက်‌လာ‌အောင်‌ ‌ခေါ်လိုက်‌တယ်‌။

Fire, Ice and Everything Nice(မြန်‌မာဘာသာပြန်‌)Where stories live. Discover now