Chapter 18 : Fairy Tale

1.1K 68 1
                                    

(Final episode part 1)

ဒီ‌နေ့ကကျွန်‌‌တော်‌တို့ဘ၀ရဲ့
အခမ်းနားဆုံး‌နေ့။ ကျွန်‌‌တော်‌
Timmy Xu က ဘ၀မှာ
အချစ်‌ရဆုံးသူနဲ့လက်‌ထပ်‌မဲ့‌နေ့။
အဖြစ်‌အပျက်‌‌တွေ‌အားလုံး
ပြီးသွား‌တော့ မိဘ‌တွေ‌နဲ့‌ဆွေ‌မျိုး
‌တွေ‌ကို အလုံးစုံ‌ပြောပြဖြစ်‌ခဲ့ကြ
တယ်‌။ ကျွန်‌‌တော်‌တို့ထင်‌တာက
သူတို့တစ်‌ခုခု‌ပြောလာကြလိမ့်‌
မယ်‌လို‌ပေါ့ ဒါ‌ပေမယ့်‌
ရယ်‌ပဲရယ်‌‌နေကြတယ်‌။
သူတို့က ကျွန်‌‌တော်‌တို့ကို
ချစ်‌စရာ‌ကောင်းတဲ့ စုံတွဲတဲ့
ပြီး‌တော့ ဒီတစ်‌ခါ တကယ့်‌
မင်္ဂလာပွဲအစစ်‌လုပ်‌ဖို့ ‌ပြောကြတယ်‌။

ကျွန်‌‌တော်‌တို့ကMiss Hannah
ကိုပဲငှားခဲ့ကြတယ်‌။ သူမက
မင်္ဂလာပွဲကို ‌သေ‌သေချာချာနဲ့
စိတ်‌ရှည်‌ရှည်‌ပြင်‌ဆင်‌‌ပေးတယ်‌။
မင်္ဂလာပွဲကို ပြင်‌ဆင်‌တာ၅လကြာ
ပါတယ်‌။ ဘာဖြစ်‌လို့လဲဆို‌တော့
‌မေ‌မေက ခမ်းနားကြီးကျယ်‌လွ‌န်း
တဲ့မင်္ဂလာပွဲဖြစ်‌‌စေချင်‌တာ‌ကြောင့်‌
ပါ(အဲ့ဒါက ကျွန်‌‌တော်‌နဲ့ ထိုက်‌တန်‌
တယ်‌တဲ့) ဒါ‌ပေမယ့်‌ ကျွန်‌‌တော်‌နဲ့
Johnny က ရိုးရှင်းတာကိုပဲ
လိုချင်‌တာ။ ‌ပန်‌ခြံထဲမှာပြင်‌ဆင်‌ပြီး
နေ၀င်‌ချိန်‌‌နောက်‌ခံ‌လေးနဲ့‌ပေါ့။
ပန်းခြံကို‌တော့ ကျွန်‌‌တော်‌တို့ရဲ့
လှို့ဝှက်‌ဥယျာဉ်‌‌ကို‌ရွေးခဲ့ကြတယ်‌။
ကျွန်‌‌တော်‌တို့ရဲ့အချစ်‌‌တွေ‌ကို
မျှ‌ဝေဖို့အ‌ကောင်းဆုံး‌နေရာလို့
နှစ်‌ဦးသ‌ဘောတူဆုံးဖြတ်‌ခဲ့ကြတယ်‌။

ဒီမင်္ဂလာပွဲပြင်‌ဆင်‌တဲ့သတင်းက တစ်‌နိုင်‌လုံးမှာလှုပ်‌လှုပ်‌ရှားဖြစ်‌
သွားတယ်‌။ ကျွန်‌‌တော်‌ဘာမှ
မတတ်‌နိုင်‌ဘူး။ သတင်း‌ထောက်‌
‌တွေ‌ကလဲ‌နေရာအနှံ့။ ကျွန်‌‌တော်‌တို့
ဘယ်‌သွားသွားလိုက်‌‌နေကြတယ်‌။
ကျွန်‌‌တော်‌တို့ရဲ့ စစ်‌မှန်‌တဲ့ယုံကြည်‌
မှု‌ကြောင့်‌ Company မှာ International Client သုံး‌ယောက်‌တိုးလာတဲ့အပြင်‌
တစ်‌ခြားClient‌တွေ‌ဆီကလဲ
ချီးကျူးဂုဏ်‌ပြုတဲ့message
‌တွေ‌အများကြီးရခဲ့တယ်‌။
ကျွန်‌‌တော်‌တို့ရတဲ့အကျိုးအမြတ်‌‌
‌တွေ‌‌ပေါ့။

''မင်းစိတ်‌လှုပ်‌‌ရှားနေတာလား''

အ‌တွေး‌တွေ‌ကို ရပ်‌လိုက်‌ပြီး
အသံလာရာဆီကို ကြည့်‌လိုက်‌
‌တော့ သူငယ်‌ချင်း‌တွေ‌ကို
‌တွေ့‌လိုက်‌ရတယ်‌။

Fire, Ice and Everything Nice(မြန်‌မာဘာသာပြန်‌)Kde žijí příběhy. Začni objevovat