Chapter 11 : Remember me?

712 75 0
                                    


ကျွန်‌‌တော့်‌သ‌ဘောကျ တနင်္ဂ‌နွေ‌နေ့
ကမြန်‌မြန်‌‌ရောက်‌လာပြီ။ Johnny
မိသားစုနဲ့မျက်‌နှာချင်းဆိုင်‌ရမှာ
ကျွန်‌‌တော်‌အရမ်းရှက်‌‌နေတယ်‌။
ဘယ်‌သူက‌ရောမရှက်‌ပဲ‌နေမှာလဲ?
‌ပြောချင်‌တာက သူတို့က
Johnnyမှာရည်းစားရှိတာကို
ရုတ်‌တရက်‌သိရတာမလား,
သူ့အ‌မေကဖုန်း‌ဖြေလိုက်‌တဲ့
အချိန်‌မှာ သူ့သားကလက်‌ထပ်‌
‌တော့မယ်‌တဲ့...‌ယောက်ျား
တစ်‌‌ယောက်‌နဲ့‌လေ။ ကြည့်‌‌လေ
ဘယ်‌မှာလဲကျွန်‌‌တော့်‌ရဲ့
သ‌ဘောထား? ကျွန်‌‌တော်‌‌တော့ အခုကို‌သေပစ်‌လိုက်‌ချင်‌
တာပဲ, ‌ကျေးဇူးပါပဲ ‌မေ‌မေ!

''Tim, အဆင်‌သင့်‌ဖြစ်‌ပြီလား?''
Johnnyက‌မေးတယ်‌။

''အ...အင်း''

''စိတ်‌‌အေး‌အေးထားပါကွာ
ငါ့အ‌မေနဲ့ညီမ‌တွေ‌က မင်းကို
‌တွေ့‌ချင်‌‌နေကြတာ''

''ငါကြိုးစား‌နေတယ်‌ ငါတို့
‌ရောက်‌‌‌တော့မှာလား?''

''၁၀မိနှစ်‌‌လောက်‌သွား
ရဦးမယ်‌''

‌ရောက်‌တဲ့အထိ တိတ်‌တဆိတ်‌ပဲ
‌မောင်းလာကြတယ်‌။ သူက
ကဆင်းပြီး ကျွန်‌‌တော့်‌အတွ‌က်‌
တံခါးဖွ‌င့်‌‌ပေးတယ်‌။ သူအိမ်‌တံခါး
ကို‌ခေါက်‌လိုက်‌‌တော့ တံခါးပွ‌င့်‌
လာတယ်‌။

''ကိုကြီး~~~'' မိန်းက‌လေး
‌တွေ‌‌အော်‌သံကို ကျွန်‌‌တော်‌
ကြားလိုက်‌ရတယ်‌။

''‌ဟေး ညီမ‌လေးနေ‌ကောင်း
လား?'' သူက‌မေးတယ်‌။

''‌ကောင်းတယ်‌, ကိုကြီးရဲ့
ချစ်‌သူ‌ရော?''

''ဟိုမှာ‌လေ , Timmy
ဒီကိုလာ'' သူ့‌အော်‌သံကိုကြား
လို့ ကျွန်‌‌တော်‌လာခဲ့တယ်‌။

''Hi'' ကျွန်‌‌တော်‌နုတ်‌ဆက်‌
လိုက်‌တယ်‌။

''Oh my..., Aaaaahhhhh
Oh my.., oh my.., ရှင်‌က
ကျွန်‌မတို့ကိုကြီးရဲ့ ချစ်‌သူလား?''

''ဟုတ်‌ပါတယ်‌'' ကျွန်‌‌တော်‌‌ဖြေတယ်‌။

''ကျွန်‌မက Gabrielle ပါ
ဘုရား‌ရေ ရှင်‌ကအရမ်း‌ချော
တာပဲ ရှင်‌တို့နှစ်‌‌ယောက်‌အရမ်း
လိုက်‌တယ်‌ , ခဏ‌လေး
ရှင့်‌ကို‌တွေ့‌ဖူးသလိုပဲ
ကိုကြီး ‌ဆေးရုံတက်‌‌နေတုန်းက
အ‌မေ့ကိုလှမ်း‌ခေါ်တာ ရှင်‌
မဟုတ်‌လား? Stephကို‌ခေါ်
လိုက်‌ဦးမယ်‌ သူလဲရှင်‌တို့ကို
‌တွေ့‌ရမှာ‌ပေါ့''

Fire, Ice and Everything Nice(မြန်‌မာဘာသာပြန်‌)Where stories live. Discover now