အပိုင်း ၁

2K 37 2
                                    

ပုဂံမြေကိုတိုင်တည်၍
အပိုင်း 1

"သွေးသစ်ရေ သွေးသစ်"

"ဟေ ‌ဖြေးဖြေးခေါ်ပါ သူခန့်ရာ"

"ဖြေးဖြေးလုပ်မနေနဲ့ ဟိုမှာအလုပ်အသစ်ကိစ္စပြောဖို့ ဖေဖေကခေါ်ခိုင်းလို့"

"အေးအေး သွားလိုက်မယ်"

ခုပဲအလုပ်ကိစ္စတစ်ခုပြီးလို့ထမင်းစားခဏနားတုန်းရှိသေးတယ် နောက်တစ်ခုတဲ့ သူဌေးခေါ်တာဆိုတော့ Guideလုပ်ပေးဖို့ Touristအသစ်ထင်တယ်

'ဒေါက် ဒေါက် '

"ဝင်ခဲ့ပါ"

"သူဌေးအလုပ်ကိစ္စခေါ်တယ်ဆိုလို့ပါ"

"အေး သွေးသစ်ရေ နောက်တပတ်ထဲကြငါ့အသိတ‌စ်ယောက်လာမှာမလို့ Guideလုပ်ပေးပါအုံးကွာ ဒီကြားထဲတော့ မင်းလည်းအလုပ်ကိစ္စတွေဆက်နေလို့ပင်ပန်းထားတာပဲ နားလိုက်ပေါ့"

"ဟုတ်ကဲ့ဗျ ဒါဆိုနောက်တစ်ပတ်မှ အလုပ်ပြန်ဆင်းရမှာပေါ့"

"အေးပေါ့ကွာ ငါ့အသိကိုသာသေချာလေးguideလုပ်ပေးလိုက် Bonousလည်းမနည်းစေရပါဘူး"

"ဟုတ်ကဲ့ဗျ ရပါတယ် အကောင်းဆုံးဖြစ်စေရပါ့မယ်ဗျ
ဒါဆိုသွားလိုက်ပါအုံးမယ်"

သူဌေးကိုနှုတ်ဆက်ပြီးအလုပ်ဆင်းဖို့ပြန်လာခဲ့တယ် အိမ်မှာအိမ်ကိစ္စတွေကိုဒေါ်လေးကိုကူညီပေးရဦးမယ်

ပြန်လာတော့ Hotel receptionနားမှာ သူခန့်ကရပ်စောင့်နေလေရဲ့

"သွေးသစ် ဘာတဲ့လဲ"

"နောက်တပတ်ထဲမှာသူဌေးအသိတစ်ယောက်ကို Guideလုပ်ပေးဖို‌့ပြောတာပါ"

"ဪ ဒါဆိုဒီကြားထဲနားရက်တော့ရအုံးမှာပေါ့"

"အင်း အဲ့ဧည့်သည်မလာခင်ထိတော့နားရတယ်
တစ်ပတ်လောက်ပေါ့ "

"ဒါဆိုငါတို့ဓာတ်ပုံရိုက်ဖို့သွားကြမလား မင်းလည်းအလုပ်တွေနဲ့မရိုက်ရတာကြာပြီဆိုတော့"

"အဲ့ဒါဆို သဘက်ခါလောက်သွားမယ်လေ "

"ဟုတ်ပြီ ဒါဆိုငါအဲ့နေ့မှလာခေါ်တော့မယ် မင်းဆိုင်ကယ်မယူခဲ့နဲ့လေ ငါနဲ့ပဲအတူသွားတာပေါ့"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now