အပိုင်း ၄၆

382 5 0
                                    

သွေးသစ်နဲ့ဦးကွန်းစံအနားကိုသွားကြည့်လိုက်တော့လောကကြီးတစ်ခုလုံးဇောက်ထိုးဖြစ်သွားသည့်အလား ညနေကမှဇာအဖြူအင်္ကျီလေးနဲ့ကျက်သရေရှိပြီးလှနေသည့်သွေးသစ်မေမေကအဖြူရောင်ပင်ပျောက်လုနီးနီးသွေးတွေစွန်းနေပြီးကွန်းလက်ထဲမှာအပုံလိုက်ကလေးမေ့မြောနေသည်။ကွန်းရဲ့မီးခိုးရောင်suitမှာလဲသွေးတွေချင်းချင်းနီနေပြီးမျက်လုံးတွေကဂနာမငြိမ်ဟိုရောက်ဒီရောက်ဖြစ်ပြီးလက်ကဒေါ်ပုလဲကိုကိုင်ထားသည်။
ကွန်းကားလမ်းဖြတ်ပြီးကူးမယ်အလုပ်ကုန်တင်ကားကြီးတစ်စီးကဖြတ်မောင်းလာတာမြင်တော့ဒေါ်ပုလဲလန့်သွားပြီးကွန်းနားအပြေးသွားကာဆွဲမယ်ကြံသော်လဲဆွဲချိန်မရလိုက်။ကွန်းကိုသာတွန်းထုတ်ပြီးသူကကွန်းအစားအတိုက်ခံလိုက်ရပြီးလမ်းမပေါ်သို့လဲကျသွားသည်။ရင်ဘတ်ထဲကလဲသေမတတ်အောင့်ပြီးအမြင်အာရုံတွေကတဖြည်းဖြည်းဝါးလာသည်။ကွန်းကကုန်းရုန်းထပြီးသူ့နားရောက်လာကာသူ့ကိုပွေ့တင်ထားတဲ့အထိသိနေသေးသော်လဲသိပ်မကြာလိုက်ပါ။လောကကြီးကအမှောင်ဖုံးသွားသည်။
သွေးသစ်သူ့အမေကိုကွန်းလက်ထဲကဆွဲယူလိုက်ပြီး

"ဘာလုပ်နေတာလဲ!! ကားပေါ်အမြန်တင်လေ!!"
သွေးသစ်အသံကြားမှကွန်းသတိဝင်လာသည်။ပြီးတာနဲ့ထပြီးကားဆီသွားလေသည်။ဦးကွန်းစံနဲ့သွေးသစ်ကဒေါ်ပုလဲကို မ လိုက်ပြီးကားထဲသို့ထည့်လိုက်ပြီးသူတို့လဲကားထဲဝင်လိုက်ကြသည်။

"ဒီနားနီးတဲ့ဆေးရုံဘယ်ဆေးရုံရှိလဲသား"

"***ဆေးရုံတော့ရှိတယ်အဖေ"

"မြန်မြန်မောင်းပါသားရယ် ပုလဲမင်းမအိပ်ရဘူးနော်မျက်လုံးလေးဖွင့်ကြည့်ဦးလေကွာပုလဲ သတိကပ်ပါဦးပုလဲရယ် သားမင်းအမေကိုခေါ်ပါဦး သားအသံနဲ့ဆိုသူပြန်ပြီးနိုးလာလောက်ပါတယ်လုပ်ပါဦးကွာ"
ဦးကွန်းစံစိတ်တွေအရမ်းပူပြီးသွေးရူးသွေးတန်းတွေပြောနေမိသည်။

"မေမေသားခေါ်နေတယ်လေ ထပါဦးမေမေရယ် မအိပ်ပါနဲ့ဦး!!"
သွေးသစ်တို့ဘယ်လိုပဲခေါ်ခေါ်ဒေါ်ပုလဲကတော့သွေးတွေပေကျံလျက်သတိမေ့နေဆဲဖြစ်သည်။
ဆေးရုံရောက်သွားတော့ကားပေါ်ကဆင်းလိုက်ပြီးကွန်းနဲ့သွေးသစ်ကဆရာဝန်တွေသွားခေါ်ပြီးဦးကွန်းစံကတော့ဒေါ်ပုလဲကိုပွေ့ချီကာဆေးရုံထဲသို့ဝင်လာလိုက်သည်။ဆရာဝန်တွေလဲသွေးအလိမ်းလိမ်းနဲ့လူနာကိုမြင်တော့လုပ်စရာရှိတာတွေကိုအမြန်လုပ်ရတော့သည်။ခွဲခန်းထဲဝင်သွားတော့ဦးကွန်းစံရယ်သွေးသစ်ရယ်ကွန်းရယ်သုံးယောက်သားထိုင်မရထမရဖြစ်နေကြသည်။ဦးကွန်းစံကထိုင်ပြီးဘုရားစာရွတ်နေသည်။သွေးသစ်ကတော့ခွဲစိတ်ခန်းထဲကိုကြည့်နေသည်။ကွန်းကတော့ဟိုလျှောက်ဒီလျှောက်နဲ့ဂနာမငြိမ်ဖြစ်နေသည်။ကွန်းအတော်လေးလန့်နေတာဖြစ်သည်။ဒါမျိုးကိုသူကလေးဘဝတုန်းကတစ်ခါကြုံခဲ့ရပြီးနှစ်တွေအတော်ကြာပြီးမှအခုတစ်ခါထပ်ကြုံရပြန်သည်။သူလမ်းဖြတ်ကူးမယ်လုပ်တုန်းဒေါ်ပုလဲကသူ့ကိုစောင့်တွန်းလိုက်လို့သူလဲသွားပြီးပြန်ထလိုက်တော့သွေးအိုင်ထဲမှာဒေါ်ပုလဲကလဲကျနေသည်။ဒီအတွက်သူအပြစ်မကင်းသလိုခံစားနေရပြီးဒေါ်ပုလဲအတွက်လဲစိတ်မကောင်းပေ
အတော်ကြာတော့ဆရာဝန်တစ်ယောက်ရောက်လာပြီး

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now