အပိုင်း ၂၅

428 6 0
                                    

သွေးသစ်ကွန်းကိုအိမ်နောက်ဖေးသို့ဆွဲခေါ်လာလိုက်သည်။
"ကွန်း ဒီကိုဘယ်လိုရောက်လာတာလဲ"

"အဲတာတွေအသာထားစမ်းပါ ခင်ဗျားဒီလောက်အထိုးခံနေရတာအဲ့ကိစ္စအရင်ပြော ခင်ဗျားသူထိုးတိုင်းခံနေတော့မှာလား ပြန်မထိုးတတ်ဘူးလား ခင်ဗျားမှာလက်မပါဘူးလားဟမ်!"

"သူကအကြီးလေကွာ သူထိုးတိုင်းပြန်ထိုးလို့ဖြစ်မလား"

"အကြီးမပီသရင်တော့ထိုးသင့်ရင်ထိုးရမှာပဲ ခင်ဗျားပြောတာကျုပ်ကြားလိုက်တယ်အလေးစားမခံရအောင်နေရင်လေးစားခံရမှာမဟုတ်ဘူးဆိုတာ"

"ဒါပေမယ့်လဲသူတစ်ချက်ထိုးတိုင်းကိုယ်တစ်ချက်ဆိုတာတော့ဘယ်ဖြစ်မလဲပြီးတော့အကိုကသူတို့အိမ်မှာနေနေရတာသူကအကို့အပေါ်မကောင်းဘူးဆိုတောင်ကျေးဇူးဆိုတာရှိသေးတယ်လေကွာ"

"အဲ့ကျေးဇူး ကျေးဇူးနဲ့ခင်ဗျားကိုသူကတက်လုပ်လဲခင်ဗျားကကျေးဇူးရှိလို့ဆိုပြီးခံနေမှာလားပြော"

"ကွန်း! မင်းစကားပြောတာကြည့်ပြော! ညီအစ်ကိုတွေကွရမ်းကားတယ်ဆိုတောင်အဲလိုမယုတ်မာဘူး ပြီးတော့ဒါငါတို့ကိစ္စမင်းနဲ့မဆိုင်ဘူး"

"အဟက်! မနေနိုင်လို့ဝင်ကူမိတဲ့ကျုပ်စောက်မှား ဒီကိုလျှာရှည်ပြီးလာတာကိုကမှားတာ"ဆိုကာထွက်သွားလေသည်။

"......"
သွေးသစ်ဘာမှပြန်မပြောမိသလိုလိုက်လဲမခေါ်မိပါအစကတော့သူ့ဘက်ကမခံနိုင်လို့ဒေါသထွက်ပြီးပြောတာနားလည်ပေမယ့်ခုနကသူပြောတဲ့စကားကတော့လွန်သည်ဟုထင်မိသည်။ တစ်ချိန်ထဲမှာပဲသူကွန်းအပေါ်မပြောမိတာကိုပြောမိတာကိုလဲသူဝန်ခံပါသည်။သူ့ဘက်ကမနေနိုင်လို့ကူပေးတဲ့သူကို‌ဒီလိုစကားပြောတာအရမ်းမှားသွားမှန်သူသိသည်။သို့သော်ဒေါသထွက်သွား၍စကားကျွံသွားလေသည်။

"တောက်!! ဟာကွာ! ငါ ိုး"
:ဘုန်း
:ဘုန်း
:ဘုန်း
ကွန်းဒေါသထွက်လွန်း၍ဆိုင်ကယ်ကိုကန်နေမိသည်။
_____________________________
Flash back
"ဟော မိုး‌တိတ်သွားပြီ သွားရအောင် သွားရအောင်"
အနည်းငယ်စောင့်ပြီးတော့မိုးတိတ်သွားလေသည်။ရတုလဲမိုးတိတ်တုန်းသွားဖို့အတွက်လောဆော်လိုက်သည်။

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now