အပိုင်း ၄၃

345 4 1
                                    

နောက်တစ်နေ့
ကွန်းနဲ့သွေးသစ်တို့ဝယ်သူတွေနဲ့တွေ့ဖို့ကော်ဖီဆိုင်ရောက်နေကြတာဖြစ်သည်။ဧည့်သည်တွေရောက်လာတော့

"စောင့်ရတာကြာသွားပြီလားဗျကိုကွန်းအသင်္ချေ"

"မကြာသေးပါဘူး"

"ဒါဆိုကျွန်တော်တို့ကိစ္စလေးလုပ်ကြရအောင်ဗျ ဒီဘက်ကကိုကွန်းအသင်္ချေရဲ့designတွေကိုဝယ်မယ့်သူပါ"

"မင်္ဂလာပါ မြတ်ဝတ်လွှာကျော်ပါ"

"တွေ့ရတာဝမ်းသာပါတယ်မမြတ်ဝတ်လွှာကျော်"

"ကိုကွန်းရဲ့designတွေကတော်တော်နာမည်ကြီးပြီးဆန်းတယ်လို့ကြားထားတာ တကယ်လက်တွေ့မြင်လိုက်ရတော့ကြားထားတာထက်တောင်ပိုကောင်းနေတာပဲ"

"ကျေးဇူးပါ ဆိုတော့ဒီမှာမမြတ်ဝတ်လွှာကျော်ကြိုက်တဲ့designတွေဆွဲပြထားပါတယ်အဆင်ပြေမယ့်ဟာစိတ်ကြိုက်ရွေးကြည့်ပါ"

"ဟုတ် မြတ်နာမည်ကိုသူများတွေခေါ်သလိုမြတ်လို့ပဲခေါ်နိုင်ပါတယ်နာမည်အပြည့်အစုံမခေါ်လဲရပါတယ်"

"ကိစ္စမရှိပါဘူးဒီလိုပဲခေါ်ရတာအဆင်ပြေလို့ပါ"

"ဒီdesignလေးကအဆင်ပြေမယ်ထင်တယ်နော်မြတ်စိတ်ထင် ကိုကွန်းရောဘယ်လိုသဘောရလဲဟင်"

"ဝယ်မယ့်သူကဒီကမမြတ်ဝတ်လွှာကျော်ဖြစ်တဲ့အတွက်ကျွန်တော့်သဘောကိုမမေးပါနဲ့ မမြတ်ဝတ်လွှာကျော်အဆင်ပြေမယ်ထင်ရင်ယူပါ"

"အာ ဟုတ်ကဲ့"
သွေးသစ်ကတော့ဘေးကပါလာတဲ့လူရဲ့ဘေးမှာထိုင်ပြီးငြိမ်ငြိမ်လေးထိုင်ကြည့်နေသည်။မျက်နှာကလဲသိပ်မကောင်းပေ။အကြောင်းမှာဝယ်သူဆိုတဲ့မိန်းမကကွန်းကိုကြည့်တဲ့အကြည့်တွေကိုမကြိုက်သောကြောင့်ဖြစ်သည်။ပြီးတော့လဲဝတ်လာတာကရင်ဟိုက်ကိုယ်ကျပ်အင်္ကျီကိုမှပုံကိုကြည့်သလိုလိုနဲ့ကွန်းဘက်ကိုသူ့ရင်နှစ်မြွာကိုပြပြနေသောကြောင့်ဖြစ်သည်။ကွန်းကတော့ပုံကိုပဲကြည့်နေတာဖြစ်ပေမယ့်တစ်ခါတစ်ခါသူတို့နှစ်ယောက်ကခေါင်းချင်းဆိုင်ဆိုင်သွားတာမြင်ရရင်သွေးသစ်နေလို့ထိုင်လို့မကောင်းတော့ပေ။
ကိစ္စတွေပြီးသွားကြတော့

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now