အပိုင်း ၆၃

742 11 0
                                    

နောက်တစ်နေ့နံနက်မှာတော့ကွန်းကသွေးသစ်အိမ်ရောက်နေသည်။အကြောင်းမှာအိမ်ကအဒေါ်ကကွန်းကိုမုန့်ဟင်းခါးချက်ထားတာမလို့မနက်စာစားဖို့ခေါ်ခိုင်းသောကြောင့်ဖြစ်သည်။ကွန်းကလဲဖုန်းချပြီးတာနဲ့ဆယ်မိနစ်မကြာလိုက်တန်းရောက်လာသည်။

"မြန်လိုက်တာ ဘယ်လိုတောင်မောင်းလာတာလဲ"

"ဒီတိုင်းပဲမောင်းလာတာပါ"

"ငါဖုန်းချပြီးဆယ်မိနစ်တောင်မကြာဘူး"

"ဒါကတော့မောင်ကပယင်းကိုတွေ့ချင်စိတ်တွေများသွားတာကိုး"

"ဖြစ်ရမယ် လာဒေါ်လေးကအထဲမှာပြင်ထားတယ်"

"ဟုတ်"
သွေးသစ်လဲကွန်းကိုဆွဲခေါ်သွားသည်။အထဲရောက်တော့သမီးကိုရှာပေမယ့်မတွေ့ပေ။

"ပယင်း သမီးငယ်ရော"

"သမီးငယ်အိပ်ပုပ်ကအခုထိအိပ်တုန်းပဲ"

"ဟုတ်လား အခန်းထဲမှာလား"

"အင်း"

"မောင်သွားလိုက်ဦးမယ်"
ဆိုကာသွေးသစ်တို့အခန်းထဲဝင်သွားလေသည်။မီးဖိုချောင်ထဲမှာတော့ဒေါ်လေးက

"သွေးသစ်ကွန်းကိုစားလို့ရပြီလို့ပြောလိုက်ဦး တော်ကြာအေးကုန်လိမ့်မယ်"

"ဟုတ်ဒေါ်လေး"
သွေးသစ်လဲကွန်းနောက်လိုက်သွားသည်။အခန်းထဲရောက်တော့မြင်လိုက်ရသည်က ကုတင်ပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်နေသည့်သမီးကိုဘေးတစ်စောင်းထိုင်ကာမြတ်မြတ်နိုးနိုးကြည့်နေသည့်ကွန်းကိုမြင်လိုက်ရသည်။မျက်နှာကလဲပြုံးပြီးသူ့သမီးကိုကြည့်နေလိုက်တာများသူ့ဘေးနားသွေးသစ်ရောက်လာတာတောင်မသိပေ။

"မောင် စားလို့ရပြီ"

"ပယင်းကိုလား"
သွေးသစ်ကွန်းပုခုံးကိုတစ်ချက်ရိုက်လိုက်ကာ

"ဘာတွေလျှောက်ပြောနေတာလဲ မုန့်ဟင်းခါးစားလို့ရပြီလို့ပြောတာဟ"

"ဟားဟား ဟုတ်ပါပြီ သမီးနဲ့မှအတူစားလို့မရဘူးလား"

"သမီးနိုးမှတစ်ခါထပ်စားရင်စားလေဒေါ်လေးကအခုကျွေးချင်နေတာကို"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now