အပိုင်း ၃၈

426 5 0
                                    

မနက်ရောက်တော့သွေးသစ်နိုးလာလေသည်။သွေးသစ်လဲထဖို့ပြင်တဲ့အပြင်

"အ! နာလိုက်တာ"
အဲ့ဒီအချိန်မှာပဲကွန်းကရေချိုးလာတယ်ထင်သည်။bathrobeတစ်ထည်နဲ့ရေချိုးခန်းထဲကထွက်လာသည်။

"နိုးပြီလားပယင်းသွေးသစ် နောက်ကျတယ်နော် နောက်ဆိုဒီလိုပုံစံဆိုအဆင်မပြေဘူးစောစောထ"

'ခွေးကောင်'သွေးသစ်စိတ်ထဲကနေကျိန်ဆဲလိုက်သည်။ညကသူပဲအတင်းအကြပ်လူကိုလာလုပ်လို့သတိမေ့သွားတာကိုအခုတောင်တော်တော်နဲ့ထမရပေ။အောက်ပိုင်းကတော်တော်နာနေလို့

"ထတော့ မျက်နှာသစ်မနက်စာသွားစား"

"....."သွေးသစ်ကဘာမှမပြောပဲကုတင်ပေါ်မှာပဲဆက်ထိုင်နေလေသည်။ကွန်းလဲသွေးသစ်ကိုလက်မောင်းကနေဆွဲမလိုက်လျင်

"အ! နာတယ်ကွန်းအသင်္ချေ!! ညကမင်းအတင်းလုပ်ထားတာထမရဘူးကွ"

"အပိုတွေလုပ်မနေနဲ့ ခင်ဗျားအဲလိုစကားပြောမှာသိလို့ကိုဆေးလိမ်းပေးထားတယ်! ထမကြည့်ပဲနဲ့ထမရဘူးဇွတ်ပြောမနေနဲ့!"
သွေးသစ်လဲမျက်စောင်းသာထိုးလိုက်မိတော့သည်။ပြီးတော့ဖြေးဖြေးချင်းထလိုက်ပြီးမျက်နှာသစ်ရန်ရေချိုးခန်းထဲဝင်သွားသည်။သွေးသစ်မျက်နှာသစ်ပြီးလို့ထွက်လာတော့ကွန်းကသူဝင်သွားကတည်းကမတ်တပ်ရပ်နေတာအခုထိလဲbathrobeနဲ့ပဲဆက်ရပ်နေတုန်းဖြစ်သည်။သွေးသစ်လဲမျက်နှာသုတ်ပြီးတော့အခန်းပြင်ထွက်ဖို့ပြင်လိုက်စဉ်လက်ကိုဆောင့်ဆွဲလာသည်။

"ဒါဘယ်လဲ"

"အောက်ကိုဆင်းမလို့"

"ခင်ဗျားတော်တော်အလိုက်မသိတာပဲ"

"ဘာကိုလဲ ငါကဘာအလိုက်သိရမှာလဲ"

"ခင်ဗျားယောကျာ်းကျုပ်ကcompanyသွားဖို့ရေချိုးထားတာမမြင်ဘူးလား"

"မြင်တယ်လေ"

"မြင်တာတောင်ခင်‌ဗျားကဒီတိုင်းထွက်သွားတာပဲလား"

"ငါကမင်းကိုဘာလုပ်ပေးရမှာမလို့လဲ! မင်းကဘာလုပ်စေချင်သေးလို့လဲ!"

"အင်္ကျီထုတ်ပေးထားရမယ်လေကျုပ်ဖို့! တကယ်ဆိုခင်ဗျားအင်္ကျီတောင်ဝတ်ပေးရဦးမှာတမင်မလုပ်ခိုင်းတာ အခုအင်္ကျီဝတ်ဖို့ရွေးပေး"
သွေးသစ်ဒီမျက်နှာပြောင်တိုက်နေတဲ့ကောင်ကိုဘယ်လိုတောင်ဆက်ပြောရမယ်မသိ ကွာဖို့ပြောထားတာကိုကြမကွာပေးပဲနဲ့ချစ်လားဆိုတော့လဲမချစ်ပဲတမင်နှိပ်စက်ဖို့ယူထားတာကိုသူကအိမ်ထောင်သည်တွေလုပ်နေကြကိစ္စတွေကိုသူ့လာလုပ်ခိုင်းနေတယ်
သွေးသစ်လဲသင့်တော်မဲ့အင်္ကျီနဲ့ဘောင်းဘီထုတ်ပေးလိုက်သည်။
ကွန်းလဲသွေးသစ်ထုတ်ပေးတဲ့အင်္ကျီနဲ့ဘောင်းဘီကိုကြည့်ရင်း

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now