အပိုင်း ၂၂

362 6 0
                                    

ည ၇နာရီရောက်သော်
"ဪ ကိုသူခန့်လာပြီလား"

"အင်း ရောက်တာကြာပြီလား"

"မကြာသေးပါဘူး"

"ဪ အကိုထွက်လာတာနည်းနည်းနောက်ကျသွားလို့"

"ဟုတ်"

"ဆိုတော့လာရင်းကိစ္စကိုပြောရအောင် ဟိန်းမြတ်မင်းငါ့ကိုတကယ်ချစ်တာလား"

"ဟုတ် ကျွန်တော်သေချာပြီဆိုမှပြောတာပါ"

"ဪ အကိုကမင်းစိတ်ကစားတာလားသေချာစိတ်ရင်းနဲ့ပြောတာလားသေချာချင်လို့ပါ စိတ်မဆိုးနဲ့နော် ဟိန်းမြတ်ကအကို့ထက်အသက်ငယ်တယ်မလားအဲတော့ခံစားချက်မသေချာမှာစိုးလို့ပြောတာပါ"

"ကျွန်တော်ကကိုသူခန့်ထက်ငယ်သေးတယ်ဆိုပေမယ့်အဲတာတွေကိုသေချာဆုံးဖြတ်နိုင်တဲ့အရွယ်တစ်ခုတော့ရောက်နေပါပြီ ကိုသူခန့်ပြောတဲ့အဓိပ္ပာယ်ကိုလဲကျွန်ကောင်းကောင်းကြီးသဘောပေါက်ပါတယ် ကိုသူခန့်သာကျွန်တော့်ကိုလက်ခံရင်ကျွန်တော်ကမိဘတွေထိပါ‌ဖွင့်ပြောပြီးတရားဝင်လက်တွဲဖို့အထိပါဆုံးဖြတ်ထားပြီးပါပြီ"

"ဪ"လို့သာပြောပေမယ့်စိတ်ထဲမှာတော့တကယ်ကြီးကိုစိတ်ပိုင်းဖြတ်ထားတာပဲဆိုပြီးတွေးနေလေသည်။

"ကိုသူခန့်ဘယ်လိုသဘောရလဲဟင် သိပါရစေ"

"အကိုမင်းကိုအမှန်တိုင်းပြောရမယ်ဆိုရင်တော့ကိုယ့်စိတ်ကိုယ်တောင်သေချာမသိသေးတဲ့အနေအထားတစ်ခုမှာပဲရှိသေးတယ်ဟိန်းမြတ် ပြီးတော့မရေရာတဲ့စကားပြောပြီးတော့လဲမင်းစိတ်ကိုဆွဲမထားချင်ဘူး ကိုယ်မင်းကိုမုန်းနေတာမဟုတ်ပေမယ့်ချစ်ဖို့ရာအထိကြလဲကိုယ့်ဘာကိုယ်သေချာမသိသေးဘူးဟိန်းမြတ် အကို့အထင်ဟိန်းမြတ်ကအရည်အချင်းရှိတဲ့လူငယ်လေးတစ်ယောက်ပါအကို့ထက်အများကြီးသာတဲ့လူနဲ့တွေ့ဦးမှာပါ ပြီးတော့အကိုကမင်းထက်အသက်လဲကြီးတယ်မလားမင်းအနေအထားနဲ့အကို့လိုဘာမဟုတ်တဲ့လူနဲ့အချိန်ကုန်သွားမှာထက်စာရင်အကို့ထက်ပိုသာတဲ့သူနဲ့တွေ့ပြီးအဆင်ပြေပြေနေနိုင်မှာပါ"

"ဒါဆိုကိုသူခန့်က"

"ဟုတ်တယ် sorryပါဟိန်းမြတ်မင်းလိုချင်တဲ့အဖြေအကိုမပေးနိုင်လို့"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now