အပိုင်း ၄၄

361 5 0
                                    

သွေးသစ်တို့မိသားစုတွေညစာစားနေကြသည်။ဦးကွန်းစံကထိပ်ဆုံးမှာထိုင်ပြီးဒေါ်ပုလဲနဲ့သွေးသစ်ကညာဘက်မှာတစ်ဖက်ကွန်းကညာဘက်မှာတစ်ဖက်ထိုင်နေကြသည်။သွေးသစ်ကဦးကွန်းစံနဲ့ဒေါ်ပုလဲထဲကိုဟင်းတွေထည့်ပေးလိုက်ပြီးသူ့ဘာသူဆက်စားနေလိုက်သည်။ကွန်းကတော့သူ့ကိုထည့်ပေးမည်အထင်နှင့်စောင့်နေသော်ငြားထည့်မပေးလာသောကြောင့်ဒေါသထွက်သွားသည်။ဦးကွန်းစံ သားဖြစ်သူပန်းကန်ထဲကြည့်လိုက်တော့ဟင်းတွေမထည့်ပဲနဲ့ထမင်းအဖြူအတိုင်းပဲစားနေတာမြင်တော့

"သားဟင်းတွေထည့်စားလေကွာဘာလို့အဖြူထည်ကြီးပဲစားနေတာလဲ"

"စားချင်လို့"
ဒေါ်ပုလဲကတော့သိနေသည်။သွေးသစ်ကိုကပ်ပြီးတိုးတိုးလေးပြောလိုက်သည်။

"သား ကွန်းထဲထည့်မပေးဘူးလား"

"သူ့ဘာသူထည့်စားတတ်ပါတယ်မေမေရ"
'ဪ ဒီကလေးဘယ်လိုဖြစ်တာပါလိမ့်'

ညစာစားပြီးသွားကြတော့ဦးကွန်းစံနဲ့ဒေါ်ပုလဲကအပြင်ကိုလမ်းလျှောက်သွားကြသည်။ဟိုနေ့ကနေမကောင်းတုန်းကဆရာဝန်ကမှာသွားသည်။ဒေါ်ပုလဲကအစာအိမ်သိပ်မကောင်းသည့်အတွက်ထမင်းစားပြီးရင်တန်းမထိုင်ပဲလမ်းပုံမှန်လျှောက်ပေးရန်မှာသွားသည့်အတွက်လင်မယားနှစ်ယောက်သွားကြတာဖြစ်သည်။ဧည့်ခန်းထဲမှာတော့သွေးသစ်ကTVထိုင်ကြည့်နေပြီးကွန်းကိုစောင့်ကြည့်နေသည်။ကွန်းအပေါ်တက်သွားတာမြင်တော့ဖုန်းကောက်ကိုင်ကာအမြန်ထလိုက်ပြီးနောက်ဖေးဘက်သွားကာတစ်ယောက်ယောက်ဆီဖုန်းဆက်လိုက်သည်။ကွန်းကတော့ထမင်းစားပြီးတော့အခန်းထဲသွားကာပုံဆွဲနေသည်။

"အားးးမျက်ရိုးတွေညောင်းလိုက်တာကွာ"
ကွန်းပုံဆွဲလို့ပြီးသွားတော့မျက်မှန်ကိုချွတ်လိုက်ပြီးအကြောဆန့်ကာအောက်ကိုဆင်းလာခဲ့သည်။ရေသောက်ဖို့မီး‌ဖိုချောင်ထဲဝင်လာလိုက်သည်။ဖေဖေနဲ့ဟိုတစ်ယောက်ကတော့ခုထိပြန်ရောက်သေးပုံမပေါ်ပေ။ဟိုမိန်းမကလဲသူ့သားရောက်ထဲကအပြင်ကိုပြန်မထွက်ပေ။မဟုတ်ဘူးသူပုဂံကပြန်ရောက်ထဲကလို့ဆိုရင်ပိုမှန်မည်။ခါတိုင်းဆိုတစ်နေကုန်တစ်ညလုံးအိမ်ကိုထမင်းစားချိန်လောက်မှပြန်လာတဲ့မိန်းမကထူးထူးဆန်းဆန်းအိမ်ကပ်နေသည်။ကွန်းရေသောက်ရင်းနဲ့ခပ်တိုးတိုးအသံကြားလိုက်ရလို့အသံကိုလိုက်ရှာနေမိသည်။

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now