အချစ်ဆိုတာဘာလဲမေးရင်မသိတဲ့သူအတွက်ပေါ့ပျက်ပျက်ကိစ္စတစ်ခုပါပဲ။
ဒေါက်ဒေါက်ဒေါက်
မှိန်ပြပြလင်းနေသောအခန်းတစ်ခုဝယ်စာရွက်များအထပ်လိုက်လျောကျသံကစိတ်လျှောက်ခြားဖွယ်ထွက်ပေါ်လာကာလူတစ်ယောက်၏စိတ်ပျက်ဖွယ်အသံများကိုလည်းကြားလိုက်ရလေသည်။
"ကျစ်!စောက်ဇယားတွေ"
မကြည်နေသောစိတ်တို့သည်ရောက်ချင်ရာရောက်ပစ်ထားခဲ့သောလွယ်အိပ်မှလျောကျ၍ထွက်လာသောစာရွက်များကိုကြည့်ကာပိုပြီးစိတ်ရှုပ်သွားရသည်။
ထို့ကြောင့်ပါလာသမျှစာရွက်တွေအားအမှိုက်ဖုံးထဲထည့်လိုက်ပြီးကုတင်ပေါ်ပြန်တက်လာလိုက်သည်။နားထင်ကို လက်နဲ့ထောက်လိုက်ပြီးစိတ်ရှုပ်နေမှုအားလျော့ချလိုက်သည်။သို့သော်စိတ်ကအဆင်ပြေမလာ။ပို၍ပင်ဆိုးလာသည်။
ရုတ်တရက်ဒေါင်းအိပ်ရာမှဆတ်ကနည်းထကာအမှိုက်ပုံးကိုအကြည့်ပို့မိသည်။ထို့နောက် ကုတင်ပေါ်မှဆင်းကာအမှိုက်ပုံးထဲမှစာရွက်လေးတစ်ခုအားပြန်ဆွဲယူလိုက်သည်။
"စိတ်ကိုတော်တော်ဒုက္ခပေးတဲ့လူ"
မိုးပြာရောင်စာရွက်မဟုတ်ဘူးစာရွက်တစ်ရွက်သာပါသောမိုးပြာရောင်စာအုပ်တစ်အုပ်။
ဖွင့်ကြည့်လုနီးနီးအခိျန်မှလွန်ဆွဲနေသောစိတ်ကြောင့်စာရွက်အားခုံပေါ်ပစ်တင်ကာရေခိျုးခန်းထဲဝင်လာလိုက်သည်။ပြီးနောက်ကြည်နေတဲ့စိတ်ကိုလန်းဆန်းစေရန်ရေခိျုးလိုက်သည်။သူတစ်နေ့လုံးစိတ်ကမကြည်။မြင်ရ၊တွေ့ရ၊ကြားရသမျှ စိတ်ကိုတော်တော်ညစ်စေသည်။တွေ့ရာပေါက်ကွဲချင်သလိုမိျုးဆတ်ဆတ်ထိမခံဖြစ်နေတော့သည်။ဘာကိုစိတ်တိုလို့တိုမိမှန်းမသိ။ရေစက်ရေပေါက်များဘယ်လောက်ကျကျပူငြိမ်းမသွားတဲ့စိတ်အစဉ်ကရေတွေနှင့်အပြိုင်။
တောင့်တင်းခိုင်မာလှပြီးကျစ်လစ်သွယ်လှနေတဲ့ရင်အုပ်အစုံနဲ့6pများကသူ့နေရာနှင့်သူအခိျုးကျကျ။ဖြူတယ်ဟုမဆိုနိုင်သောဝင်းညစ်ညစ်အသားအရေများကယောက်ျားဆန်နေမှုကိုပိုပြီးမြှင့်တင်ပေးကာ6ပေ2လက်မဟူသောအရပ်နှင့်ဂျစ်ကန်ကန်ပုံစံကြောင့်လူအများမော်မကြည့်နိုင်သည့်typeအမိျုးအစားထဲပါသွားယုံသာမကထိပ်တန်းစာရင်းထဲပင်ဝင်သည်။
YOU ARE READING
My Boyfriend Is Royal King (Completed)
Romanceအဆင်ပြေမှဖတ်ဖို့အကြံပေးချင်ပါတယ်ဗျ... စာလုံးပေါင်းမစစ်ရသေးလို့ပါ။ #Yu Ya Chi