31

4.5K 148 4
                                    

အချစ်ဆိုတာအရှက်တရားကင်းမဲ့စေတယ်

မနက်ခင်း၏နေရောင်ခြည်နုနုထွေးလေးမျာဟာအိပ်မောကျနေသောလူနှစ်ယောက်ထက်တဖြည်းဖြည်းဖြာကျလာတော့သည်။

ထိုအခိုက်တစ်ဖြည်းဖြည်းဖွင့်ဟာလာသောခရမ်းနုရောင်မျက်ဝန်းအစုံနှင့်အတူလူတစ်ယောက်သည်မျက်တောင်များပုတ်ခတ်ပုတ်ခတ်ဖြင့်နိုးထလာတော့သည်။

တစ်ဆက်ထဲတစ်စုံတစ်ခုကြောင့်ရင်ခွင်ထဲရှိတစ်ယောက်သောသူအားအမြတ်တနိုးငေးကြည့်ကာမနက်ခင်း၏ကျက်သရေရှိသောအပြုံးလွင့်လွင့်များထွက်ပေါ်လာလေတော့သည်။

ငေးမ၊ဝရှုမဝ၊မြတ်နိုးလို့မဝတဲ့လူသားတစ်ယောက်ကိုပိုင်ဆိုင်ထားရသည်မှာဘယ်လောက်ကံကောင်းလိုက်သလဲ။

ကိုယ့်အတွက်သူဖြစ်လိုရာဖြစ်စေဆိုပြီးလိုက်လျောပေးတတ်တဲ့သူကိုယ့်အတွက်ဘယ်နှစ်ယောက်ရှိနိုင်သလဲ။

သေချာတာကတော့ဒေါင်းဏရီဒွန်းသိင်္ခGreen(အစိမ်းရောင်နယ်မြေ)ရဲ့အရှင်သခင်ဒက်ရှာနရီလော့ဟန်ဂျွန်းမှာတော့ရင်ခွင်ထဲရှိအေးချမ်းစွာအိပ်ပျော်နေသောခန့်သျှားသူရိန်အ့ံဟူသောအမိျုးသားလေးရှိပါသည်။

အပူပင်ကင်းကင်းအိပ်ပျော်နေသည်ကတစ်ခြားကြောင့်မဟုတ်ချစ်ရတဲ့သူရင်ခွင်ထဲမှာအေးအေးချမ်းချမ်းအိပ်စက်နိုင်လို့ဖြစ်သည်။

လည်းပင်းနားတစ်ဝိုက်တွင်သာမကနေရာအနှံ့ရှိနေသောနီရဲနေသည်အကွင်းရာလေးများအားနေရာမလပ်ငုံ့နမ်းလိုက်ပါသည်။

ချစ်ခြင်းရဲ့သငေ်္ကတ။

နောက်ဆုံးတော့ကိုကိုကသူ့အပိုင်ဖြစ်လာခဲ့ပြီ။ဘဝနှစ်ခုထပ်ထူပြုနိုင်ခဲ့ပြီ။

တဖြတ်ဖြတ်ခတ်လာသောမျက်ဝန်းတွေကြောင့်ဒေါင်းလှုပ်ရှားနေရာမှာရပ်တတ့်လိုက်သည်။အရှက်ကြီးတဲ့တဲ့ထိုလူသားလေးရဲ့မျက်နှာအားတစ်စိမ့်စိမ့်ထိုင်ကြည့်ချင်မိသည်။

1 မဖွင့်ချင်ဖွင့်ချင်ဖြင့်မျက်ဝန်းတွေကဂနာမငြိမ်

2 နည်းနည်းတည်ငြိမ်သွာပြီးမျက်ဝန်းတွေဖွင့်ဖြစ်ဖို့အဆင်သင့်ဖြစ်လာပြီ

My Boyfriend Is Royal King (Completed) Where stories live. Discover now