19

4.3K 208 16
                                    

ဥပမာမင်းဆိုပါစို့

"Boss မင်းရိပ်ဝယ်companyကဖိတ်စာရောက်လာပြီ"
"အင်းထားခဲ့"

ကီးဘုတ်ပေါ်ဖြတ်ပြေးနေသောရှည်သွယ်သွယ်လက်ချောင်းလေးများနဂိုထက်လျှင်မြန်စွာအဆုံးသတ်ရေးဆွဲပြီးနောက်လုံးဝပိတ်ချလိုက်ပြီးထိုနေရာမှထကာဖိတ်စာတစ်စောင်အားလှမ်းယူလိုက်သည်။

ထက်အောက်ဘယ်ညာသေချာကြည့်ပြီးသည့်နောက်ဒေါင်းခပ်ပါးပါးပြုံးလိုက်မိသည်။နှစ်တွေဘယ်လိုပြောင်းပြောင်းအကျင့်မပျောက်သေးတဲ့ထိုလူသား။

ပြာနုရောင်ပိုးသားလိုစာရွက်လေးနှင့်အတူခပ်သင်းသင်းမွှေးပျံ့နေသောပိတောက်နံ့သင်းသင်းလေး။

ရိုးရှင်းစွာပုံဖော်ရေးသားထားသောဆွဲဆောင်ရည်ရှိသည့်စာအရေးအသား။ကွေ့ဝိုက်စွာရေးသားမထားပဲလိုရင်းတိုရှင်းနှင့်ပြေပြေပြစ်ပြစ်ဖွဲ့စည်းထားခြင်း။

အတွင်းဘက်အားလှန်မကြည့်သေးခင်စာရွက်အပြင်ဖက်ရှိဖိတ်ကြားမှုစာလွှာနှင့်နာမည်ကြောင့်မျက်ခုံးပင်ပင့်တင်လိုက်မိသည်။

ဘာတဲ့……မင်းကမ်ဘာကြီးသာပြည့်စုံမယ်ထင်ရင်မင်းအလိုရှိတဲ့ဘယ်ဟာမဆိုယူဆောင်နိုင်ပါသည်။လေးစားမှုဖြင့်ဖိတ်ကြားအပ်သောကြီးမြတ်လှပါသည့်ဒက်ရှာနရီလော့ဟန်ဂျွန်း

ဒေါင်းအခေါက်ပေါင်းမနည်းထိုစာကြောင်းအားထပ်ခါထပ်ခါဖတ်ပြီးမှစိတ်ကူးထဲအတွေးတစ်ခိျု့ဝင်လာတော့သည်။မူပိုင်ဖြစ်သောမျက်မှောင်ကြုံ့ခြင်းဖြင့်စာသားတွေအားအဓိပ္ပာယ်ပါပါကြည့်နေလိုက်သည်။

လူတစ်ယောက်ကိုဖိတ်တိုင်းဒီလိုစားသားနဲ့ဒီလိုပုံစံဖိတ်ရင်လူတိုင်းထိုလူသားရဲ့လေးစားအပ်သောကြီးမြတ်လှသောလူတွေဖြစ်ကြဖို့လား။

ဒေါင်းတစ်ယောက်ထဲနှင့်တင်လုံလောက်နေသည့်စကားလုံးလှလှတွေကတစ်ခြားသူတွေအတွက်လိုအပ်သေးသည်လား။မောင်ဘယ်သူ…ဦးဘယ်သူ…Mr.ဘယ်သူ…ဆိုပြီးနာမည်တပ်ပြီးဖိတ်လိုက်လိုက်လည်းလာကြမှာပင်ဒီလောက်ထိရေးပြီးဖိတ်ပေးဖို့လိုအပ်သည်လား။

ဒေါင်းဘဝထဲရောက်လာမှထိုသို့မလုပ်ဖို့အတ္တကြီးစွာပြောရအုံးမည်။ထိုလူသားလုပ်သမျှအရာအားလုံးဒေါင်းတစ်ယောက်သာပိုင်ဆိုင်ခွင့်ရှိသင့်သည်။

My Boyfriend Is Royal King (Completed) Where stories live. Discover now