29

3.6K 173 6
                                    

warningပေးပါတယ်ဗျ။

မောင်ရဲ့ဆန္ဒ

တောက်စ်!

ခပ်ပြင်းပြင်းတောက်စ်ခေါက်သံတစ်ခုနှင့်အတူအနားရှိစားပွဲထက်မှပစ္စည်းများအားလုံးပြန့်ကျဲသွားမှုကြောင့်လူတိုင်းအလန့်တကြားဖြစ်သွားရတော့သည်။

နေမထိထိုင်မသာဖြစ်လာသောအခြေအနေကြောင့်ဒေါင်းအခြေအနေကိုရိပ်စားမိလိုက်သည်။တောက်စ်!တစ်ချက်ပြင်းပြင်းခေါက်လိုက်ပြီးနေရာမှထလိုက်မိသည်။

|ယုံကြည်မှုက်ုအလွဲသုံးစားလုပ်ကြသည်|

"စောက်မှတ်မရှိကြဘူးလား"
"…………"

နေရာတစ်ခုလုံးဝေ့ကြည့်လိုက်မိသည်။သူတို့မဟုတ်သလိုနေနေကြသည်ကြောင်သူတော်ကြွက်သခိုးတွေအားဒေါင်းခပ်ချဉ်ချဉ်ပြုံးပြလိုက်သည်။

နေထွက်ခိျန်တော့ကြည့်ရမှာပေါ့သို့သော်………

"အကုန်ဖြုတ်တယ်"
"ဟင်!!"
"ဟာ"

တအ့ံတသြလှုပ်လှုပ်ရွရွဖြစ်သွားသည်လုထုကြောင့်အပြတ်ပြောလိုက်ရန်ဆုံးဖြတ်လိုက်သည်။ယုံကြည်မှုမရှိတော့ရင်ဘာမှလုပ်စားမဖြစ်ဘူး။

"အကုန်လုံးကိုဖြုတ်ပြီးဝန်ကြီးအသစ်တွေကျုပ်နန်းတတ်တဲ့အခိျန်မှာပြန်ခန့်အပ်မယ်"
"ဘာရယ်"

လူအများရှေ့မှာဖြစ်နေ၍ဘာမှမဖြစ်သလိုဟန်ဆောင်နေရသော်လည်းတကယ့်လက်တွေ့ကိုယ့်ကိုကိုယ်သာသိသည်။တရှိုန်းရှိုန်းပူတက်လာသောရင်ထဲမှအပူလုံးကြီးနှင့်အတူတစ်ခိျု့သောလက္ခာဏာတွေကြောင့်ဒေါင်းသိလိုက်သည်။

သူဆေးခပ်ခံလိုက်ရတာ

အခုမှကိုကို့အားအိမ်တော်မှာထားခဲ့မိတာကိုကျေးဇူးတင်မိသွားသည်။မဟုတ်ရင်သူ့နေရာမှာ………ကျစ်!

"အိမ်တော်ပြန်မယ်"
"အိမ်ရှေ့စံ……"

လူယုံတော်များလာရောက်ကူတွဲဟန်ရှိသော်လည်းကိုယ့်ကိုယ်ကိုသာအနိုင်ထိန်းပြီးလှုပ်လှုပ်ရွရွဖြစ်နေသောလူထုကြီးအားအရေးတစ်ချက်မှမစိုက်ဘဲဒေါင်းအပြင်သို့ထွက်လာလိုက်သည်။

နန်းတတ်ပွဲနဲ့ပတ်သက်ပြီးတိုင်ပင်ဆွေးနွေးဖို့ခေါ်ကြသည်က်ိုလူတွေကလုပ်ကြံခွင့်ပေးထားသည့်အတိုင်းနည်းမိျုးစုံနှောက်ယှက်သည်။

My Boyfriend Is Royal King (Completed) Where stories live. Discover now