27

3.5K 166 8
                                    

တော်ဝင်နိုင်ငံတော်၏ချမ်းသာကြွယ်ဝမှု( သို့မဟုတ် )မောင့်ပိုင်ဆိုင်မှု

ရင်ခွင်ထဲ၌အိပ်ပျော်နေသူအားဒေါင်းမြတ်နိုးမဝငုံ့ကြည့်နေမိသည်။သိပ်ချစ်ဖို့လည်းကောင်းလွန်းသည်။ကိုကိုကသိပ်နားလည်ပေးတတ်သည်။အရင်တစ်ရက်ကဖြစ်ခဲ့သမျှတွေဘာမှမမေးရှာ။အရင်လိုပဲစလိုက်နောက်လိုက်ပျော်ပျော်ပဲနေသည်။

သို့သော်ဒေါင်းသိသည်ကိုကိုမပြောတာမဟုတ်သူ့အတွက်ဆိုရင်အပြည့်အဝနားလည်ပေးတတ်တဲ့စိတ်၊ဘာလုပ်လုပ်လက်ခံပေးမဲ့စိတ်ကြီးကြောင့်ဖွင့်မေးကြည့်ဖို့ခက်နေတာကို။

ဒါတွေမကြိုက်။နောက်ခါကိုကို့စိတ်ထဲစိတ်ခုပြီးအားငယ်နေတတ်တဲ့အကျင့်မိျုးဖြောက်ပေးရမည်။သူတစ်ယောက်ထဲကိုပဲသေလောက်အောင်ချစ်တယ်ဆိုတာကိုလည်းသိအာင်ပြောပြရမည်။

အခိျန်တစ်ခုမှာတော့ကိုကိုဟာသူ့ရဲ့ကိုကိုဘယ်ကတည်းကဖြစ်ခဲ့ကြောင်းပြောရအုံးမည်။သိပ်ချစ်ပြီးသိပ်နားလည်ပေးတတ်တဲ့တစ်ယောက်တော်ကြာသူ့ကိုသူပြန်ပြီးသဝန်တိုနေမှဟုတ်ပေ့ဖြစ်မည်။

တီ…တီ

"သခင်လေးတော်ဝင်လေဆိပ်ဆင်းဖို့အခိျန်ရောက်တာကိုလှမ်းအကြောင်းကြားတာပါ"
"အင်းသိပြီ"

ဖုန်းကိုချလိုက်ပြီးမှဒေါင်းဘေးပတ်ဝန်းကျင်အားကြည့်လိုက်မိသည်။
သဘာဝအလျောက်ပေါက်ရောက်နေသောသစ်ပင်းစိမ်းစိုစိုများကြားနတ်ပြည်တမျှခမ်းနားကြီးကြယ်လှသည့်နိုင်ငံတစ်ခု။။စိမ့်စမ်းရေပမာကြည်လင်နေသောမြစ်ငယ်အများအပြားပတ်လည်ဝန်းရံထားသည့်Greenနိုင်ငံ။

သူသိပ်ချစ်မြတ်နိုးရတဲ့လူသားတစ်ယောက်ကိုသူနေထိုင်ခဲ့တဲ့အမိမြေကိုခေါ်လာခဲ့တဲ့ခံစားချက်။ပြောမပြတ်တတ်အောင်ကြည်နူးရသည်။

လေယာဉ်စိုက်သွားပေမဲ့မထဖြစ်သေး။စထွက်ကတည်းကအိပ်ပျော်လာတဲ့သူကရောက်သည်ထိအိပ်ပျော်နေတော့ခါင်းမူးမှစိုး၍တအောင့်နေပေးလိုက်သည်။အိပ်တာကောင်းပေမဲ့အိပ်လွန်းရင်လည်းမကောင်း။တော်ဝင်စံအိမ်ရောက်မှခေါင်းကြည်သွားအောင်လုပ်ပေးလိုက်မည်။

My Boyfriend Is Royal King (Completed) Where stories live. Discover now