7

5.1K 283 18
                                    

မတွေ့ရတော့လွမ်းလှတယ်

နာရီကိုနှိုးဆက်ပေးထားသော်လည်းမထဖြစ်ကုတင်ပေါ်မှာသာငူငူငိုင်ငိုင်ကြီးသျှားငုတ်တုတ်ထိုင်နေမိသည်။မနက်ခင်းနေရောင်ခြည်အောင်မှသျှားပုံစံကစုတ်ဖွားပင်ဖြစ်နေတော့မည်။

ထိုနေ့ပြန်လာကတည်းကကိုယ့်ဟာကိုယ်တောင်သိပ်ဂရုမစိုက်မိလို့။သျှားမေးဖြေ,ဖြေပြီးတဲ့နောက်နေ့မှစ၍ကျောင်းကိုမသွားဖြစ်အိမ်ထဲမှာသာနေဖြစ်သည်။ပြိုင်ပွဲအတွက်လည်းစိတ်မဝင်စားသလိုဘာမှလည်းမလုပ်ချင်။ပြောရရင်အဲနေ့ကတည်းကinternetမဖွင့်ဖြစ်တာဒီနေ့ထိဘာသတင်းမှလည်းမကြည့်။ပြိုင်ပွဲရက်ကလည်းနဂိုကတည်းကပွဲခိျန်နီးမှသိရသည်မို့သိပ်မလို4/5ရက်လောက်သာရှိတော့သည်။

အိမ်မှာနေတော့လည်းအဆင်မပြေတစ်ယောက်ထဲအထီးကျန်ရသည်။တစ်နေ့တစ်နေ့အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်ပတ်ပြေးနေတဲ့ဖခင်ကြီးကလည်းအိမ်မှာမရှိ။မရှိတာပဲကောင်းသည်မဟုတ်ရင်သူပဲနားပူခံရမှာ။ဓာတ်ပြားဟောင်းကြီးဖွင့်တာမခံချင်လွန်းလို့။

သူ့ကိုတော့တကယ်လွမ်းလှသည်fbရောIGမွာပါaccကိုတွေ့ပေမဲ့သွားမအပ်ရဲ။Followingလေးတော့လုပ်ထားသည့်အပြင်see firstကိုလည်းလုပ်ထားမိသည်။ဒါမှသူpostတစ်ခုတင်တိုင်းကိုယ်အရင်မြင်ရမှာ။သူဒီလိုလေးသူ့ကိုလိုက်နေရရင်ပင်ကျေနပ်သည်။

ကိုယ်အထီးကျန်တာတွေးမိတိုင်းသူရောအဲလိုဖြစ်နေမလားဆိုပြီးတော့တောင်မရေရာတဲ့အတွေးတွေတွေးမိသေးသည်။

မဖြစ်နိုင်ဘူးထင်တာပဲသူ့လိုလူကအနေအေးပေမဲ့အထီးကျန််လောက်တဲ့အထိတော့ဖြစ်နိုင်မည်မဟုတ်။ကိုယ်ကသာတစ်ဖက်သတ်အတွေးချော်နေတာ။

"ဒေါက်!ဒေါက်သခင်လေးနိုးပြီလားသခင်လေးသူငယ်ချင်းအောက်ထပ်မှာရောက်နေတယ်"

သျှားတံခါးတဖက်မှလှမ်းပြောတဲ့စကားကြောင့်ငူငိုင်ငိုင်ကြီးထိုင်နေရမှာထကာတံခါးချပ်စီသွားပြီးဖွင့်လိုက်သည်။

သူငယ်ချင်းဆိုလို့တစ်ယောက်ပဲရှိသည်ထွေထွေထူးထူးထားရအောင်ကလည်းသူလိုလူနဲ့လာပေါင်းချင်တဲ့သူရှားသည်။သို့သော်ဟိန်းခန့်ကချွင်းချက်။
အခုလည်းသူကျောင်းမလာတာကြာ၍ဟိန်းခန့်လိုက်လာတာဖြစ်မည်။

My Boyfriend Is Royal King (Completed) Where stories live. Discover now