3

6.9K 341 11
                                    

မောင်ကပြဿနာတွေကိုရှာတတ်တာလားဖြေရှင်းတတ်တာလား

"ဘာဖြစ်လို့လည်း"
"ဘာမှမဖြစ်ဖူးဒီတိုင်း"

သျှားတကယ်ဘာမှမဖြစ်တာတော့မဟုတ်။
အခိျန်ပြည့်သူ့ပုံရိပ်တွေနဲ့ပဲပြည့်နေတဲ့ကိုယ့်ဘဝကြီးကိုလည်းရီချင်ပါသည်။

အရပ်ရှည်ရှည်နှင့်အသားဖြူဝင်းဝင်းကောင်လေးတွေမြင်တိုင်းသူလို့ထင်မိတဲ့အထိသူ့ကိုတော်တော်ကြီးဖြစ်နေသည်။

အခုလည်းဇိမ်ပြေနပြေBarကိုလာတော့လည်းသူကိုမြင်လိုက်သလိုရှိသည်။
အဲလောက်ထိမောင်ကသူ့ကိုလွှမ်းမိုးထားပါသည်။ခဏတာတိတ်ဆိတ်သွားသောအခိျန်တစ်ခုအတွင်းသူမောင့်ကိုမြင်လိုက်ခြင်းဖြစ်သည်။

ဟုတ်လားမဟုတ်လားမသေချာပေမဲ့မောင်လို့တော့သူထင်မိသည်။သို့သော်မောင်ကဒီbarကိုဘာလို့လာမလဲမောင့်အသက်ကအခုမှ18တောင်မပြည့်သေး။

အာာာ ဟုတ်တာပဲမောင်ကလည်းယောက်ျားလေးလေသူ့လုပ်ချင်ရင်ဘာမဆိုလုပ်ပိုင်ခွင့်ရှိတယ်။ကိုယ်တောင်19နှစ်ကိုဟိုနေ့ကမှပြည့်ပြီးခဲ့သေးတာပဲဒါတောင်ဒီbarကိုလာပြီးဝိုင်ကိုထိုင်သောက်နေသေးတာလေ။

|မင်းတော်တော်ရူးနေပြီ|

သျှားပုံစံကိုကြည့်ပြီးဟိန်းခန့်သက်ပြင်းချမိသည်။

"သျှားပြန်တော့မလားမင်းအဆင်ရောပြေရဲ့လား"

ဟိန်းခန့်အပြောအားကြားလိုက်ရသည်နှင့်သျှားခေင်းာမ်းလိုက်မိသည်။

"ငါသန့်စင်ခန်းခဏသွားလိုက်မယ်စောင့်မနေပဲပြန်နှင့်လိုက်''

သျှားအပြောကြောင့် ဟိန်းခန့်ထပ်ပြောဖို့ကြိုးစားကြည့်သည်။သို့သော်သျှားအကြောင်းသိ၍ငြိမ်လိုက်ရသည်။

"အင်းပါငါပြန်နှင့်ပြီ"
"အင်းဂရုစိုက်ပြန်"

ဘာရယ်မဟုတ်တစ်ယောက်ထဲပြန်ချင်စိတ်ပေါက်လာ၍ဟိန်းခန့်ကိုအရင်ပြန်ခိုင်းလိုက်သည်။အမြဲလိုလိုသူ့စိတ်သဘောကျနေပေးခဲ့တဲ့ဟိန်းခန့်ကိုအားနာမိသော်လည်းမတတ်နိုင်။

သူတစ်နေ့လုံးစိတ်ကပုံမှန်မှာရှိနေတာမဟုတ်။တော်သေးသည်သူဒီနေ့ကျောင်းကိုမသွားလိုက်လို့မဟုတ်ရင်သူ့မျက်နှာပျက်နေပုံနဲ့ရိပ်မိကုန်ကြမည်။

My Boyfriend Is Royal King (Completed) Where stories live. Discover now