21

4.3K 231 12
                                    

မားမားမတ်မတ်ရပ်တည်ပေးမဲ့မောင်ပါလေ

သျှားအဝတ်ဘီရိုရှေ့ရပ်ကာဝတ်စုံရွေးနေသည်မှာနာရီဝတ်ပင်ရှိတော့မည်။သို့သော်ဝတ်စုံကဘယ်ဟာဝတ်ရမှန်းမရွေးရသေး။

ပွဲတက်ဝတ်စုံအတွက်သျှား4/5စုံအပ်ထားသော်လည်းအခိျန်တွေမအား၍မဝတ်ကြည့်မိအခုမှဒုက္ခကနည်းနည်းရောက်သည်။

အနည်းငယ်ချောင်နေသည့်ဝတ်စုံရှိသလိုနည်းနည်းကြပ်နေသည်ဝတ်စုံလည်းရှိသည်။ပွယောင်းယောင်းဖြစ်နေသလိုခပ်တွန့်တွန့်လည်းရှိနေသည်။

သျှားမျက်နှာတွန့်ခေါက်မိသွားသည်။ဘယ်လိုတွေတောင်ချုပ်ထားကြသည်လည်း။အရေးကြီးသည့်ပွဲရောက်မှဘယ်ဝတ်စုံမှစိတ်တိုင်းကျမနေ။

အကိုထူးခေါင်စီအပ်ထားသောဝတ်စုံကလည်းပြီးမည်မထင်။သျှားဟိုတစ်ယောက်အတွက်အမြန်ချုပ်ပေးပါပြောထားလိုက်လို့သျှားဝတ်စုံကိုလုပ်တောင်လုပ်ရသေးမည်မဟုတ်။

လက်ရှိနာရီအားငုံ့မိုးကြည့်လိုက်မိသည်။ပွဲစဖို့1နာရီကျော်ကျော်လောက်သာရှိတော့သည်။ရယ်ဒီမိတ်ဝယ်ရောင်အောင်ကလည်းသျှားချုပ်ပြီးသားရောင်းထားတာတွေကိုမကြိုက်။

|ကျစ်!ပြဿနာပဲ|

ဖုန်းစခရင်မှမီးလင်းလာမှုကြောင့်သျှားဖုန်းအားကောက်ယူလိုက်သည်။

parcelတစ်ခုအားကိုင်ထားပြီးအခန်းရှေ့ရပ်နေသောအကိုလွန်းမိုကြောင့်သျှားဖုန်းထဲရှိPasswordအားနှိပ်ကာတံခါးဖွင့်ပေးလိုက်သည်။

"သျှားကိုပေးခိုင်းလိုက်လို့"
"ဘယ်သူ"
"သ…ဟိုGreen GroupကCEOကပါ"

ဒီခိျန်ကြီးပါကင်ထုတ်တွေဖြင့်ကောက်ကာငင်ကာလာပေးသောသူကြောင့်သျှားစိတ်မပါပဲဖွင့်ကြည့်လိုက်မိသည်။

သျှားမျက်ခုံးနည်းနည်းပင့်မိသွားသည်။ဘယ်လိုလုပ်သျှားအခက်တွေ့နေတာကိုသိရသည်လည်း။

သျှားအကြိုက်နို့နက်ရောင်နှင့်အနက်ရောင်သိပ်မကျသောဝတ်စုံတစ်ခု။ထို့အပြင်နက်ကတိုင်ကအစသျှားအကြိုက်။

လက်ပတ်နာရီတစ်လုံးပင်ပါသေးသည်။Brandကလည်းနောက်ဆုံးထွက်။

သျှားထိုပါကင်ဘူးအားကုတင်ထက်ချကာဖုန်းနံပတ်တစ်ခုအားကောက်နှိပ်လိုက်သည်။

My Boyfriend Is Royal King (Completed) Where stories live. Discover now