14

4.6K 256 19
                                    


မင်းတော်တယ်

"ဘာဖြစ်လာတာလဲ"

စာသင်ခန်းထဲရောက်ရောက်ခြင်းဒေါင်းအမေးကြောင့်နှစ်ယောက်သာခေတ္တငြိမ်သွားပေမဲ့အမူအယာကတော့ပျက်သည်အထိမဟုတ်။

မိန်းမတစ်ယောက်ကြောင့်ရန်ဖြစ်တာလို့ပြောရင်လည်းဒေါင်းနှစ်ယောက်လုံးကိုစိတ်ပျက်သွားလိမ့်မည်။ဆွဲမထိုးရင်ကံကောင်း။

ဒေါင်းကငြိမ်နေရင်ဘာမဟုတ်ပေမဲ့ကြမ်းမိရင်သူတို့လည်းကြောက်ရသည်။

"ဇာတ်တိုက်ပြီးညာဖို့မစဉ်းစားနဲ့"

ဒေါင်းအရှေ့ရှိနှစ်ယောက်ကြောင့်ဖြစ်ထားသမျှကြိုသိနေ၍စကားကိုကြိုပိတ်ပြီးပြောလိုက်သည်။သူကဘာမို့လို့လည်း။သူ့ကိုညာချင်ရင်ကျားမီးသွားစွဲလိုက်။

"မင်းသိထားပြီးပြီမဟုတ်လား"

ဟံအမေးကြောင့်ဒေါင်းအင်းမလုပ်အဲမလုပ်ငြိမ်နေလိုက်သည်။သိနေတာပဲမေးစရာလိုသေးလို့လား။

ဟံရောစံပါဒေါင်းပုံစံကြောင့်အပစ်ရှိသလိုဖြစ်ကာမျက်နှာတွေငုံ့ချလိုက်သည်။ပြဿနာကသူတို့ရှာပေမဲ့ဖြစ်လာရင်ဒေါင်းရှင်းရမည်။

သူတို့ကြောင့်ဒေါင်းဘဝလမ်းကြောင်းလွဲချော်သွားလို့မဖြစ်။ဘယ်လိုနည်းလမ်းဖြစ်ဖြစ်သူတို့အစွမ်းကိုကြိုးစားပြီးနေခဲ့သင့်သည်။

"ထားလိုက်ဘာမှမဖြစ်ဘူးစိတ်ချပြိုင်ပွဲကိုသာအာရုံစိုတ်ထား"
"ဒါပေမဲ့ငါတို့ကြောင့်"
"အရေးမပါတာတွေ"

ဒေါင်းပြိုင်ခိျန်နီးလာပြီဖြစ်၍ထိုနှစ်ယောက်အားထိုမျှသာပြောဖြစ်ပြီးစင့်မြင့်နောက်သို့သွားနေလိုက်သည်။
သူ့ကိုမျှော်နေတဲ့လူသားလေးလဲရောက်နေရောမည်။
သူ့ပုံစံလေးရောဘယ်လိုဖြစ်နေအလဲ။

ဒေါင်းထိုသို့တွေးမိလိုက်ခိျန်မျက်နှာထက်အလိုမကျမှုတို့ကြီးစိုးသွားသည်။လူတိုင်းရှေ့မှာထိုလူသားကနေရာယူထားပြီးလူတိုင်းအကြည့်ကသူ့ကိုသာ

|ကျစ်!ခင်ဗျားကိုတော့|

တကယ်ပင်ဒေါင်းထင်ထားသည့်အတိုင်းဖြစ်သည်။

My Boyfriend Is Royal King (Completed) Where stories live. Discover now