အပိုင်း (၁)

72.7K 3.8K 92
                                    

{Unicode}

... ဒီလို ပွေ့ဖက်ထားချင်မှုက
အမြဲထာဝရ...
ကိုယ့်အပိုင်ဆိုတဲ့ အတ္တရဲ့တစ်စိတ်တစ်ပိုင်း။

***

ဒေါ်မီ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

...ဒေါ်မီ...

ဒီဆိုင်က ရွာ၏ အလယ်မှာ ရှိနေသလို သမီးသုံးယောက်လုံးက အလှလေးတွေချည်းပဲမို့ ကာလသားများက ထိုဆိုင်ကို မျက်စိတကျကျ ....။ ထိုဆိုင်က ရွာလယ်မှာ စျေးဆိုင် ဖွင့်ထားရုံမက.. ကွမ်း ၊ အရက်နှင့်ဘီယာ... တစ်ခြား အကင်မျိုးစုံ... ဟင်းပွဲတစ်ချို့ကြောင့်ပင် အဆင်ပြေနေသည်။

ည ၈နာရီ...

"သွားမယ်.. ဘီယာ သွား၀ယ်ရအောင်...။ အလတ်မကို နည်းနည်းသွားကြည့်တာပေါ့...။"

"ဟာ... ငဦး...
မင်း သွက်လှချည်လားကွာ...။ လိုက်တာ ဘယ်လောက်ကြာနေပြီလဲ?"

ဘေးနားက ငယ်ငယ်ကတည်းက ပေါင်းလာသည့် ကျော်ကြီးက မေးလာလေတော့ တစ်ချက်ပြုံးလိုက်မိသည်။

"ဒီလိုပဲပေါ့... ကျော်ကြီးရာ...။ လာပါ သွားရအောင်... ဟိုကျရင် သိပါလိမ့်မယ်...။ ဒါနဲ့  ဒီနေ့ ​ေ၀ကြီးနဲ့ မွန်ကြီးပဲ ပါတာလား? ဟို တရုတ်ကြီးကရော မလာသေးဘူးလား?"

ကျွန်တော်က ရွာကို ကျောင်းပိတ်ရက်တိုင်း ပြန်လာတတ်သည်။ ငယ်ငယ်ကတည်းက ပေါင်းလာသည့် သူငယ်ချင်း လေးယောက် ရှိပါသည်။
ကျွန်တော်တို့ ပြောနေတုန်း ရှိသေးသည်... ကျွန်တော်တို့ ရှိရာသို့ တရုတ်ကြီးက ခပ်လှမ်းလှမ်းမှ လျှောက်လာနေသည်။

လဆန်း ၂ရက်နေ့ လရောင်အောက်မှာ တရုတ်ကြီးကတော့ ထုံးစံအတိုင်း လကွယ် ညသန်းခေါင် မိုးမှောင်ကျ၍...။ အ​ေ၀းမှ လှမ်းပြုံးနေသည့် သူ့သွားအရောင်ကသာ ၀င်း၀င်းတောက်ပ၍....။

မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ..(complete)Where stories live. Discover now