{Unicode}... အဆုံးရှုံး မခံနိုင်ဘူးမို့လား?
ကိုယ့်အပိုင်သာ လုပ်ပစ်လိုက်...။***
ကဆုန်လ...
" အေး... ကျောင်းပြန်တက်တော့မယ်ဆို ငွေပန်းခင်းက ဘယ်လိုလုပ်မှာလဲ?"
မွန်ကြီးက အာလေးလျှာလေးဖြင့် မေးလာတော့ ကျွန်တော်လည်း ဘာမှမပြောတော့ဘဲ ဘေးနားက ေ၀ကြီးကို ကြည့်ပြီးတော့သာ ပြုံးနေလိုက်မိသည်။ ေ၀ကြီးကတော့ ကျွန်တော့်အပြုံးကို သဘောကျသွားပြီး... သူ့လက်ထဲမှ ခွက်ကို ချကာ....။
"ဒီမှာ မွန်ကြီးရ။ မင်းလူက အိုတော့မှာဟေ့...။ မိန်းမယူပြီး ဒီမှာပဲ အိုးအိမ် ထူထောင်တော့မယ်တဲ့..။"
ေ၀ကြီး၏ ပြောစကားအဆုံးမှာတော့ ဘေးနားက ကောင်တွေအားလုံးက ကျွန်တော့်ကို ကြည့်လာသည်။ ဟုတ်ရဲ့လား ဟူသော အကြည့်များဖြင့်ပင်...။ ထိုအထဲမှာမှ ပထမဆုံး ထဖောက်လာသူက... တရုတ်ကြီး....
"...အဟမ်း! သွားပါပြီကွာ... ငါ့ အလတ်မလေးတော့ ပါသွားပြီပေါ့...။ ဘယ်အချိန် တောင်းမှာလဲ ဟေ့ကောင်။ ၀ါက ၀င်တော့မှာနော်..."
တရုတ်ကြီးစကားကို ေ၀ကြီးက ပွဲကျသွားပြီး...
"မဟုတ်ပါဘူးကွာ... အခုဟာက အလတ်မ မဟုတ်ဘူးဟေ့...။ မင်းလည်း သိလိုက်သားနဲ့ ငဦးကိုင်မှတော့ အကောင်းစားတွေချည်းပဲလေ။"
ေ၀ကြီးစကားကို အားလုံးက လှုပ်လှုပ်ရှားရှားဖြင့် ....
"အလတ်မ မဟုတ်ဘူးလား? အဟမ်း... ဘယ်သူလဲကွ? ဒီရွာက မိန်းကလေးထဲမှာ အလတ်မလေးက ကြည့်အကောင်းဆုံးနဲ့ အမိုက်ဆုံးလေ..."
YOU ARE READING
မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ..(complete)
Randomအပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။