{Unicode}... ဒီရင်ဘတ်တွေ လောင်ကျွမ်းမသွားဖို့
မင်းကို အမြဲမြင်နေရမှ ဖြစ်မှာ။****
ယခင်အပိုင်းမှ အဆက်....
"ပျိုးငယ်... မိုးရေတစ်စက်မှ မစိုသေးပါဘူး အစ်ကိုရယ်။ အဲ့ဒါကြောင့် ပျိုးငယ်ကို မဆူပါနဲ့နော်။"
လူက နေမကောင်းနေသလို အစ်ကို့ထံမှ ဆူငေါက်သံကြောင့် ငိုချင်စိတ်ဖြစ်ကာ အသံသဲ့သဲ့နဲ့ပင် ပြောလိုက်မိသည်။ အစ်ကိုကတော့ ကျွန်တော့်လည်တိုင်ကို တဖွဖွ ပွတ်နေပြီး ကျွန်တော့်မျက်နှာအနှံ့ အတော်ကြာ နမ်းရှိုက်နေသည်။
အစ်ကိုကတော့ ဘာကိုမှ သတိမထားမိတော့ဘဲ ကျွန်တော့်နူတ်ခမ်းတို့ကို စုပ်ငင်ကာ နမ်းရှိုက်နေသည်။ ပထမတော့ ဖြည်းညှင်းစွာ အစ်ကို့လက်က ရုန်းနေမိပေမယ့် ကြာတော့ အိမ်အောက်မှ ဇာတ်လမ်းတွဲ ကြည့်နေသည့် လူများကို သတိထားမိချိန်မှာတော့ ကျွန်တော်က အနည်းငယ် ရုန်းလိုက်မိသည်။ ကင်းကွာသွားသော ထိုအချိန်မှတော့ အစ်ကိုက ကျွန်တော့်ခါးကို ဆွဲယူပွေ့ဖက်ပြီး အလွတ်မခံပါ။
ကျွန်တော်ကတော့ အစ်ကို့ပုခုံးကို တွန်းလိုက်ပြီး...
"အောက်မှာ လူတွေနဲ့... ဒီလိုကြီး နေတာ အဆင်မပြေဘူးလေ။"
ထိုအချိန်မှာတော့ အစ်ကိုက မျက်နှာတည်ကာ ကျွန်တော့်ပါးပြင်ကို ဖွဖွပွတ်ပြီး စူးစိုက်ကြည့်သည်။ ထို့နောက်....
"... အဲ့ဒါတွေကို ဂရုမစိုက်ချင်လို့ မင်းကို ယူထားတာ မဟုတ်ဘူးလား?"
YOU ARE READING
မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ..(complete)
Randomအပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။