{Unicode}
... နေပါဦး...
အဲ့ဒီ ခပ်ဆိုးဆိုးတွေက
ကြောက်စရာမလိုဘူး...
ဘာလို့လဲဆိုတော့
မင်းကို တစ်ခုခု လုပ်ရင်တောင်
သူ့ဒေါသကို မထိန်းနိုင်လောက်အောင်...
မင်း တစ်ယောက်တည်းမို့...။***
ယခင် အပိုင်းမှ အဆက်...
အစ်ကိုကတော့ ကျွန်တော့်ကို တစ်ချက်မျှ နမ်းရှိုက်ပြီး မနက်စာ စားဖို့ မီးဖိုခန်းထဲသို့။ ထိုအချိန်မှာတော့ ကျွန်တော့်မှာသာ အစ်ကို့အမေ အရီးလေးနှင့် ကျန်သည့်အမျိုးသမီးများ အကြား ဘယ်လို မျက်နှာထားရမလဲ မသိတော့ပါ။
နောက်တော့ ဆက်ပြီး ထိုင်ဖို့ မလုံတော့တာမို့ အရီးလေးတို့အနားမှ ထွက်ပြီး အနောက်တံခါးကနေ ထွက်ဖို့ ပြင်လေတော့...။
"ဟာ~~ ဟိတ်!
အဲ့ဒါ ဘယ်သွားဖို့လဲ?"မီးဖိုခန်းထဲမှ ထမင်းပလုပ်ပလောင်း အသံဖြင့်ပင် မေးလာသည်။ ကျွန်တော်လည်း ခြေလှမ်းတို့ကို ရပ်တန့်လိုက်ပြီး အစ်ကိုရှိနေသည့် မီးဖိုခန်းထဲသို့ ကြည့်လိုက်မိသည်။ အစ်ကို့ထံမှ အကြည့်များကို လက်ခံယူပြီးသည့် နောက်မှာပဲ ကျွန်တော် အကြည့်တို့ လွှဲကာ....
"ဒီအနား...-"
"ဒီအနားဆိုပြီး အိမ်ပြန်မလို့ လုပ်နေတာ မလား?"
"မဟုတ်ဘူး... ပျိုးငယ် မေမေ့ဆီ ခဏ သွားမလို့..."
"ငါ လိုက်ပို့မယ်...။ ငါ heat မတက်ချင်ဘူး ..."
"ရတယ်... ဒီအတိုင်း ပျိုးငယ် ခဏလေး..."
"မသွားနဲ့ဆို မသွားနဲ့... အိမ်ထဲ ပြန်၀င်..."
YOU ARE READING
မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ..(complete)
Randomအပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။