အပိုင်း (၁၇)

25.3K 1.6K 26
                                    

{Unicode}

... ဟုတ်တယ်...
မင်းက ငါ ကြိုက်လွန်းလို့
ပ,သ ထားတာ။

***

"အမလေး

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.

"အမလေး... အဲ့ဒီကလေးက တကယ်ကို စိတ်ဒဏ်ရာ ရနေတာလား မသိဘူး။"

"ဟုတ်တယ်... အစ်မ...။ ကျွန်တော်တော့ ကလေးကို အဲ့ဒီကို ပြန်မပို့နိုင်တော့ဘူး။"

အမေနှင့်လေး၀င်းတို့ကတော့ စကားကို အချေအတင် ဆွေးနွေးနေကြသည်။ ကျွန်တော်ကတော့ မနေ့ညက အဖြစ်အပျက်ကိုသာ တွေးနေမိသည်။ ကျွန်တော့်မှာ မေ့မြောပြီး ပြန်သတိရချိန်မှတော့ အစ်ကို့ရင်ခွင်ထဲ ရောက်နေသည်။ အစ်ကိုကတော့ နှစ်ခြိုက်စွာ အိပ်ပျော်နေတာမို့ ကျွန်တော့်ကို ထွေးဖက်ထားသည့် သူ့လက်မှ ဒဏ်ရာကို ကြည့်မိလိုက်တော့ ဘာဆေးမှ ထည့်ထားတာမျိုးမရှိ။ အစ်ကိုကတော့ ဘာမှမလုပ်ဘဲ ဒီအတိုင်း အိပ်လိုက်ပုံရသည်။ နံရံမှ တိုင်ကပ်နာရီကို ကြည့်မိတော့ မနက်၁၂စွန်းစွန်း ဖြစ်နေသည်။


ကျွန်တော်ကတော့ အစ်ကို့အနာကို ဆေးထည့်ဖို့ ကြည့်နေတုန်း အိမ်ပေါ်က တံခါးမကြီး ခေါက်သံကြောင့် ခေါင်းထောင် ကြည့်လိုက်မိသည်။ ထို့နောက် အသံရှုသံပြင်းပြင်းနှင့် အိပ်နေသည့် အစ်ကို့အနားမှ အသာ ထကာ တံခါးမကြီးဆီသို့။ တံခါးကို ဖွင့်ပေးလိုက်မိတော့....

"အရီးလေး..."

အရီးလေးရီကတော့ ကျွန်တော့်ကို တစ်ချက်ကြည့် ခေါင်းညိမ့်ပြကာ ကျွန်တော့်ကို ကျော်ပြီး သူ့သားကို ကြည့်လာသည်။

"လာ... ကလေး... ထမင်းစားရအောင်။ ဘယ်လို နေသေးလဲ သက်သာလား? ပျိုးငယ် အခြေအနေကို စိုးရိမ်လို့ ကျန်းမာရေးမှူး ခေါ်မလို့ လုပ်ပေမယ့် ငဦးက အိမ်ပေါ် ခေါ်သွားပြီး တံခါးပိတ်ထားလို့။ ပြီးတော့ အဲ့ဒီကလေး အနာကို ဆေးထည့်ဖို့ ပြင်ရအောင်။"

မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ..(complete)Hikayelerin yaşadığı yer. Şimdi keşfedin