အပိုင်း (၂၀)

26.9K 1.8K 74
                                    

{Unicode}

... နီးစပ်ခြင်း နိယာမတွေထဲ
ငါ နားမလည်ခဲ့တဲ့
ပုံသေနည်းတစ်ခုက
ဒီ့ထက် ​ေ၀းဖို့သာ
အကြောင်းဖန်လာခဲ့သည်မို့။

***

တစ်လ​ လွန်မြောက်လေသော အခါ...

နံနက်ပိုင်း...

"... သူ ကျောင်းတက် သွားပြီလား မမ။"

"အေး... သွားပြီ...။ မင်း လင်းထိန်နဲ့ အတူတူပဲလေ။"

"အင်း... သူ အဆင်ပြေရင် ပြီးတာပါပဲ မမ။ သူက ကျွန်တော့်ကို ကွာရှင်းဖို့ ပြောလာသေးလား?"

"ကွာရှင်းပါ့မလား? ဟို တင်တောင်းထားတဲ့ လယ်ကွက်ထဲက အနှံတွေက ရွဲလို့လေ။ သူတို့ ဒီလောက် ပစ္စည်းမက်တာ... အဲ့ဒါတွေကို ဒီအတိုင်းထားပြီး ကွဲမတဲ့လား? ကြည့်ထား... အဲ့ဒါတွေ ရှိနေသရွေ့ ကွဲမှာမဟုတ်ဘူး။ ငါ့မောင်ကိုလည်း မလွတ်ဘူး... ဟိုကလေးကိုလည်း လွှတ်မပေးဘူးလေ...။"

"......."

ကျွန်မဆီက စကားသံ ကြားရချိန်မှာတော့ မောင်လေးပုံစံက တိတ်ဆိတ်ခြင်းမက တိတ်ဆိတ်သွားသည်။ မောင်လေး ရုံးချိန်းပြီးချိန်မှာတော့ နှစ်နှစ်နီးပါး စီရင်ချက်ချခဲ့ပေမယ့် အနည်းငယ် ညှိနှိုင်းချိန်မှာတော့ တစ်နှစ်လောက်ပင် ကျခဲ့ပါသည်။

နေ့စဥ်ရက်ဆက် ပျိုးငယ်အကြောင်းကို တဖွဖွ မေးလေ့ရှိပါသည်။ သို့ပေမယ့် နောက်ပိုင်းမှာတော့ သိပ်ပြီး မေးလေ့မရှိတော့ပါ။ အရင်ကထက် အရမ်းကွာခြားသွားသည့် မောင်လေးဖြစ်သူကို ငေးကြည့်နေမိရင်းက ....

"စိတ်မပူပါနဲ့... မောင်လေးသာ အဆင်ပြေအောင် နေနော်။"

အစ်ကို...

မနက်ဖြန်ဆို ကျောင်းတက်ဖို့ ကိစ္စတစ်ချို့ စီစဥ်ရတာ့မည်မို့ ဒီနေ့မှာတော့ အစ်ကို့ဆီသို့ ခိုးထွက်ပြီး ခိုးတွေ့ဖို့ ရည်စူးမိသည်။ ထိုအဆောက်အဦးထဲမှ မမသဇင်ဦး ထွက်သွားသည်နှင့် ထိုအဆောက်အဦးထဲသို့....။

မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ..(complete)Where stories live. Discover now