can't relate..

13K 913 23
                                    

{Unicode}

Babe...
ဒီအတိုင်း လက်ရဲဇက်ရဲ ဆိုးတဲ့ သူတိုင်းကိုသာ ကြောက်လို့ မယူဘူးဆို... အဲ့ဒီသူတွေ အကုန်လုံး အိမ်ထောင်ပြုရမှာ မဟုတ်တော့ဘူး....။

ဆိုးတဲ့ ယောင်္ကျားတိုင်းက သူတို့မိန်းမတွေအပေါ် လက်ပါတတ်တာ မဟုတ်ဘူး။
ဆိုးတဲ့ ယောင်္ကျားတိုင်းကို ယူထားတဲ့ မိန်းမတိုင်းကလည်း ရိုက်နှက်ခံနေရတာ မဟုတ်ဘူး။

စေတနာနဲ့ ၀င်လာတဲ့ ပတ်၀န်းကျင်ဆိုတာ ငါ နည်းနည်းလေးမှ ဂရုမစိုက်တဲ့ zone...။
အဲ့ဒီ zoneက မိုးရွာရွာ နေပူပူ ငါ သောက်ဂရုမစိုက်ဘူး။

သူတို့ စေတနာနဲ့ တွဲဖို့ တားတဲ့ ငါ့လက်ကို ရဲရဲတွဲ....

သိပ်ပြီး ကြမ်းပါတယ်... လက်ရဲဇက်ရဲ သွေးရဲတဲ့သူ... ထစ်ခနဲရှိ လက်ပါတတ်တဲ့ သူ....

ငါက ခေါင်းငုံ့ရမှာကို သိပ်ကြောက်တဲ့သူ။
ဒူးထောက်ရမှာကို သိပ်ကြောက်တဲ့သူ။

တစ်ခါတစ်လေ...
မင်းရှေ့မှာ....
-လုပ်ချင်ရာ လုပ်ပါဆိုပြီး ခေါင်းကိုတောင် ငုံ့ထားပေးခဲ့တာမျိုး....
-ရိုက်ချင်ရာ ရိုက်ပါဆိုပြီး ဒူးထောက်ပေးခဲ့တာမျိုး...

ဒေါသဖြစ်တိုင်း အကျင့်ပါနေတဲ့ ဒီလက်တွေက လက်သီးတောင် အဲ့ဒီလူက မင်းဆိုတဲ့ အသိနဲ့ အရှုံးပေးထားတဲ့ conceptတွေထဲ တင်းကြပ်စွာ ဆုပ်ထားဖို့ မရဲဘူး။

ချစ်တာနှင့် မလုပ်ရက်တဲ့ အချိုးတူ ပြောင်းစပ်မှုမှာ မင်းက ကိုယ့်လူ ဖြစ်နေတယ်ဆိုတဲ့ အတွေးနဲ့....
မင်းနှင့်ပတ်သတ်ရင် အဆိပ်ကင်းခဲ့တာ။
မင်း သိထားဖို့က....
ကင်းခဲ့တဲ့ အဆိပ်တွေက....
ငါ ကိုယ်တိုင် မင်းကို မြတ်နိူးလို့ ပယ်သတ်ခဲ့ရတာမျိုးထက် ငါ့နှလုံးသားထဲက အလိုအလျောက် ....။

ချစ်လို့...
ချစ်တာ...

တစ်ခြားသူတွေနဲ့ စကားနဲ့တောင် ရင့်ရိုင်းတာ မခံတဲ့  သိပ်ကို ဆတ်ဆတ်ထိ မခံတဲ့ ငါက...
ငါ့ပုခုံးထက်၊ ငါ့လက်မောင်းထက်မှာ မင်း ကိုက်တဲ့ ဒဏ်ရာ၊ မင်း ထုရိုက်တဲ့ ငါ့ရင်ဘတ်တွေ၊ မင်း လက်သည်းရာတွေ ထင်နေတတ်တဲ့ ငါ့မျက်နှာက အရှိုးရာတွေကိုတော့
ဖယ်ရှောင်ဖို့ သိပ်ခဲယဥ်းလို့။

မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ..(complete)Where stories live. Discover now