အပိုင်း (၈)

29.9K 2.5K 37
                                    

... မသိဘူး...
... ငါက မင်းကို ချစ်လွန်းလို့။

***

သင်္ကြန် အတက်နေ့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သင်္ကြန် အတက်နေ့ ...

ညပိုင်း....

ပျိုးငယ်ကတော့ ကျွန်တော် တစ်ခါ ဆူပြီးသည့်နောက်ပိုင်း၌ အိမ်ပြန်သို့ ဥပုတ်သီတင်း သီလယူရုံကလွဲရင် မထွက်တော့ပါ။ ကျွန်တော်လည်း ပြင်ဦးလွင်ဘက်မှ သူငယ်ချင်းတွေ အိမ်ကို အလည်လာသည်မို့ ကျွေးမွေးဧည့်ခံရင်းသာ ။ တစ်နေကုန် ရွာထဲက အလေ့အကျင့်များကို လိုက်ပြနေရင်း ညရောက်ချိန်မှာတော့ အိမ်မှာ မကပ်ဘဲ ဘီယာသောက်ဖို့ စုရပ်တစ်ခုကို ဖန်တီးသည်။

အိမ်မှာက ရွာထဲက လူကြီး တစ်ချို့ လာတတ်သည့်အပြင် အမေတို့က သီလယူထားသည်မို့... အနှောက်အယှက် မပေးချင်တာလည်း ပါသည်။

အိမ်ဘေးနားက ဆိတ်ဖလူးပင် (coral jasmine) အရိပ်အောက်မှာ ကုတင်ထိုးပြီး ၀ိုင်းဖွဲ့နေမိသည်။ သူတို့က ဟိုက လာကတည်းက ဘီယာကို ဂျပ်ဖာလိုက် ၀ယ်ခဲ့သည်မို့ ကြက်အရေခွံကျော်၊ ကြက်တောင်ပံ ကြော်၊ ပဲကြီးလှော်၊ ကြက်ခြေထောက်သုတ်၊ သင်္ဘောသီးသုတ်၊ စောင်းလျားသီးသုတ်များကို သူတို့နှင့်အတူ ပြင်ဆင်ပြီး ငြိမ့်ငြိမ့်လေး ရှိနေမိသည်။

နှစ်သစ်၏ လေအေးအေးနှင့်အတူ နံဘေးအိမ်မှ အုန်းပင်မှ အခက်အလက် ခတ်သံတို့ ကြားနေရသည်။ အကုန်လုံး အင်္ကျီချွတ်လျက် ပုဆိုးကို ပေါင်လယ်လောက်အထိ ရှိနေမိပြီး တော်တော်လေးလည်း ရေချိန်ကိုက်နေပြီ ဖြစ်သည်။ ထိုအချိန်မှာတော့ ကျောင်းနေဖက် သူငယ်ချင်းက သူ့လက်ကြားထဲမှ စီးကရက်ကို မှုတ်ဖွာလိုက်ရင်းမှ...

မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ..(complete)Where stories live. Discover now