{Unicode}... တကယ်တော့...
ပျိုးငယ်၏အလှတရားက
ငေးကြည့်ရင်းနဲ့ပင်..
မတင်းတိမ် နိုင်တာမျိုး။***
ယခင်အပိုင်းမှအဆက်...
ညနေပိုင်း...လေယူရာအတိုင်း...လွှင့်မြောနေသည့်ကိုင်းပွင့်များက...လေညှင်းတိုးသံနှင့်အတူ တိုးတိတ်စွာယိမ်းက,နေသလိုပင်။
ညနေ ပုဇွန်ဆီရောင် အလှအတရားနှင့်အပြိုင် ရှိနေသည့်....လူသားလေးကတော့...သူ့လက်ထဲမှာနံဘေးမှာ ပေါက်နေသည့် တပင်ရွှေထီးပန်းလေးကိုကိုင်ကာ...ရှိနေသည်။"ပျိုးငယ်....။"
"ဗျာ?"
ကျွန်တော့်ဘက်သို့ လှည့်ကြည့်လာပြီး အပြုံးလေးနှင့်ဆိုလာသည်။ ကျွန်တော်လည်း သက်ပြင်းတစ်ချို့ကိုချလိုက်ပြီး...။
"မနက်ဖြန်...အစ်ကိုတို့ကျောင်းက...ဖွင့်ပြီ။"
ထိုအချိန်မှာတော့ ပျိုးငယ်က မျက်လုံးအဝိုင်းသားဖြင့်ပင်....။
"ဟုတ်ကဲ့....။"
တကယ်တော့ ပျိုးငယ်နှင့် ကျွန်တော်က တွေ့ဆုံဖို့အခွင့်အရေးအမျိုးမျိုး ရှိပါလျက်နှင့်...အကြောင်းအမျိုးမျိုးကြောင့် လွဲခဲ့ရတာမျိုးပင်။ ကျွန်တော်ကတော့ ကိုးတန်းကတည်းက ပြင်ဦးလွင်ဘက်က ဒေါ်လေးနှင့်အတူ လိုက်သွားပြီး...ရွာကိုတစ်ခါတစ်လေမှ ပြန်ရောက်ခဲ့တာမျိုးပင်။
ရွာရောက်ပြီဆိုရင်လည်း တစ်ခြားအပေါင်းအသင်းအရေးနှင့် အိမ်တွင်းပုံးလေးဖြစ်နေသည့် ပျိုးငယ်နှင့်က...တစ်ရွာတည်းနေသော်ငြား..တစ်ကြိမ်တစ်ခါသော်မျှမတွေ့ဘူး။ ကျွန်တော်ဆယ်တန်းအောင်ပြီး ရှိနေခဲ့စဥ်က ပျိုးငယ်က ရှစ်တန်းလောက်ပင် ရှိနေမည်ထင်ပါသည်။ အခုတော့ဖြင့် ဆုံတွေ့မှုကမလုံလောက်သလို....သိပ်ပြီး စိတ်မချနိုင်သည်မို့။
YOU ARE READING
မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ..(complete)
Randomအပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။