အခန်း ၆၇၀ Lucky
မှော်ဆရာပေါင်း ထောင်ချီနေသည့် ပြိုင်ကွင်း သုံးဆယ့် သုံးကွင်းတွင် မီးပွင့်လောက်အောင် ကို ပြိုင်ဆိုင်မှုတွေ ပြင်းထန်လှသည်။ ပြိုင်ကွင်း တစ်ခုချင်းဆီတိုင်းမှာကို လွန်ကဲစွာ ပြင်းထန်နေတာပင်။ စိတ်ဝိဥာဏ်အချင်းချင်း တိုက်ခိုက်မှုတွေက အချိန်နှင့် တပြေးညီ တက်လိုက်ကျလိုက်နှင့် ပြင်းထန်လှကာ မှော်ဆရာများစွာကလည်း ပြိုင်ကွင်း အပြင်ကို ဆက်တိုက် ကန်ထုတ်ခြင်း ခံနေရသည်။
ပထမ အကြော့ ပြိုင်ပွဲ ပြီးခါနီးတွင် ဒုတိယအဆင့်သို့ တက်ရောက်မည့် နောက်ဆုံး ပြိုင်ပွဲဝင် ငါးဆယ်ကျန်ရစ်ဖို့သာ လိုတော့သည်။ ကျန်ရှိသည့် ပြိုင်ကွင်း ငါးခုထဲတွင် ယူရှောင်းမို ရှိနေသည့် ပြိုင်ကွင်းပါ ပါဝင်နေသည်။ ပြိုင်ကြည့်သူများစွာကလည်း နှစ်ခြမ်းကွဲကာ ပြိုင်လို့ မပြီးသေးသူ နှစ်ယောက်ကြား မဲကွဲသွားသည်။
ပြိုင်ကွင်း အတွင်းတွင် ရှိသည့် မှော်ဆရာများကတော့ ကံမကောင်းလှချေ။
ယူရှောင်းမိုကလဲ အရူးမဟုတ်သလို ဇူးမားသည်လည်း အရူးမဟုတ်ပေ။ ဒါ့ကြောင့်ပဲ တစ်နာရီ နီးပါးလောက် လက်ရည်စမ်းပြီးချိန်မှာတော့ စင်မြင့်ပေါ်က မှော်ဆရာတွေကို တမင် စတင်ရှင်းလင်းခြင်းဖြင့် အားနည်းသော မှော်ဆရာများ အပြင်သို့ရောက်ကုန်သည်။
စွမ်းရည်မြင့်မှော်ဆရာများသည်လည်း ဒီအခြေအနေကို ရုတ်တရတ် မြင်လိုက်ရတော့ ဥာဏ်အလင်းပွင့်သွားသလို ဖြစ်ကာ ပြိုင်ဆိုင်ချင်စိတ်တွေ ဝင်လာပြီး တခြားသော ပါဝင်သူများကိုလဲ ရှင်းလင်းကြတော့သည်။
ပြိုင်ကွင်းတွင် လူဆယ်ယောက်သာ ကျန်ပါက အလိုလျောက် နောက်တစ်ဆင့်သို့ ကူးတက်သွားမည်ဟု အစကတည်းက ဒိုင်လူကြီးများက ဆိုထားသည်ကိုး။ အဲဒိ အဓိပ္ပါယ်ကိုက ဆယ်ယောက်သာ ကျန်တော့ပါက ယူရှောင်းမိုနှင့် ဇူးမားတို့လဲ တိုက်ခိုက်ခြင်းကို ရပ်တန့်ရမှာ ဖြစ်ကာ သူတို့လဲ လွတ်မြောက်ခွင့် ရမှာ ဖြစ်သည်။ သူတို့တွေ အခုမှ သဘောပေါက်သွားသလို ကံကောင်းလို့ နောက်တော့ ကျမသွားကြပေ။
ESTÁS LEYENDO
The Legendary Master's Wife (MM 663 ~ 731)
FantasíaAuthor - Yin Ya MM translate from English Translate Chapter (663- ) Crd to original novel