အခန်း ၇၀၆ ကိုယ်ပွားနှင့် ခွဲထွက်ခြင်း

2.7K 504 27
                                    

Chapter 706: Simulacrum and Separation

အခန်း ၇၀၆ ရုပ်ပွား နှင့် ခွဲထွက်ခြင်း

အိမ်ရှင်ဖြစ်သည့် ယူရှောင်းမိုတောင်မှ အိမ်ထဲတွင် ဘာရှိနေသလဲ ဆိုသည်ကို မခန့်မှန်း နိုင်ပေ။

သစ်သားအိမ်လေးအတွင်းတွင် ရေတွက်စရာ အရာများမှာ များပြားလွန်းလှသည်။ ပစ္စည်းတိုင်းလိုလိုကို အနည်းငယ်စီ သိမ်းထားသည်များနှင့် လမ်းဘေးက ဈေးဆိုင်လေးများ ဆီက လျှောက်ဝယ်ထားသော ပစ္စည်းတွေက လည်း မနည်းပေ။ အများစုက ၀ယ်ပြီးသည်နှင့် သစ်သားအိမ်လေး အတွင်းက ဗီဒိုများထဲတွင် ထိုးသိပ်ထည့်ခြင်း ခံလိုက်ရသည်က များသည်။ 

အထဲကို သွားကြည့်ရမလား မကြည့်ရမလား ဆိုသည်ကို ယူရှောင်းမိုမှာ ဝေခွဲမရ ဖြစ်နေသည်။ လင်းရှောင်က ထထွက်သွားတော့မှသာ အနောက်ကနေ အမြန်လိုက်ရသည်။ အိမ်တံခါးဖွင့်လိုက်ပြီးနောက်တွင် လည်း အထဲက အလင်းရောင်က မျက်စိ ကျိန်းလွန်းလှသဖြင့် မျက်လုံးများကို လက်နှင့်တောင် ကာယူရလေသည်။

ခဏနေမှသာ ကာထားသည့် လက်ကို ပြန်ရုတ်လိုက်သည်။

ဗီဒိုပေါ်တွင် အလှဆင်ထားသည့် နေရာမှနေ ထို အလင်းများက ထိုးထွက်နေခြင်း ဖြစ်ကာ စုစုပေါင်း အလင်း ဆယ့်နှစ်တန်း ဖြာထွက်နေသည်။ ထို အရုပ်များကို မြင်လိုက်တော့မှသာလျှင် ဟိုးအရင်တုန်းက မှတ်ဥာဏ်တစ်ခုက သူ့ခေါင်းထဲ ချက်ချင်း ပေါ်လာတော့သည်။ ထိုအချိန်တုန်းက လုံရှန်းတိုက်မကြီး၏ တောင်ပိုင်းဒေသကနေတောင် ထွက်မလာရသေးချေ။

ပန်းပုလက်ရာများကြောင့် နာမည်ကြီးလှသည့် စီဖန်မြို့ကို စိတ်ဝိဥာဉ်ကျောက်တုန်း ၀ယ်ရန် သွားခဲ့တာကို အမှတ်ရလိုက်သည်။ စီဖန်မြို့လေးထဲတွင် လင်းရှောင်နှင့် သူ ဈေးဝယ်တုန်းက ဘိုးဘေးများ ချန်ရစ်ထားသည့် လက်ရာမြောက် ကျောက်စိမ်းရုပ်တု ဆယ့်နှစ်ခုကို ဈေးချိုချိုနှင့် ရောင်းချနေသော ကလေးငယ် တစ်ဦးကို ကြုံခဲ့ရသည်။ ထိုအချိန်တုန်းကတော့ ဒီ အရုပ်ဆယ့်နှစ်ရုပ်က ရာသီခွင် ဆယ့်နှစ်ခုနှင့် တူသည့် အတွက် သူဝယ်လိုက်ခြင်း ဖြစ်သည်။ ကြည့်လို့ကောင်းသည်ဟုသာ ထင်ခဲ့ပြီး ဒီရုပ်တု ဆယ့်နှစ်ခုက ဒီလောက်ထိ ထူးခြားဆန်းကျယ်နေမယ်ဟု သူ မထင်ခဲ့ပေ။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now