Extra 1 : မစ်ရှင်

2.9K 430 7
                                    

Chapter 714 (Extra 1) : Mission

Extra – The Earth Arc

အပိုင်း ၇၁၄ အချပ်ပို မစ်ရှင်

အပို The Earth Arc

ဇက် နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်တွင် ငမန်းဖြူ (White Shark) ဟု အမည်ခေါ်တွင်သည့် လူသိနည်းပါးလှသည့် အထူးစစ်ဌာနခွဲ တစ်ခုရှိသည်။ ကာကွယ်ရေးဝန်ကြီးဌာန ထဲတွင်ပင် ထို ဌာနရှိကြောင်း သိသူမှာ ငါးဦးထက် မပိုပေ။ ဤသို့ဖြစ်ရသည့် အကြောင်းအရင်းမှာ ထို တပ်ဖွဲ့ရှိ အဖွဲ့ဝင်များမှာ ကျင့်ကြံသူများ ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော်ငှားလည်း သာမာန် လူများ၏ အမြင်တွင် ကျင့်ကြံသူများ ဆိုသည်မှာ သဘာဝလွန် လူသားများနှင့် တန်းတူညီလေသည်။

ထိုအထူးတပ်ဖွဲ့သည် နိုင်ငံတော် အတွက်သာ တာဝန်ထမ်းဆောင်ပြီး ရဲတပ်ဖွဲ့ နှင့် အထူးတပ်ဖွဲ့များ မဖြေရှင်းနိုင်သည့် အရာများ ပေါ်ပေါက်လာသည့် အချိန်တွင်သာ ပေါ်ထွက်လာတတ်သည်။ သူတို့၏ လုပ်ဆောင်ချက်များကို လျှို့ဝှက်ထားပြီး ခက်ခဲသည့် အမှုများနှင့် တွေ့ကြုံရသည့် အချိန်များတွင် မလွှဲသာမရှောင်သာသည့် အခါများမှသာ သူတို့၏ အထောက်အထားများကို ဖော်ပြကြလေသည်။ သို့သော်ငြားလည်း သူတို့ ထိုကိစ္စများကို ဖြေရှင်းပြီးသည့် အခါမျိုးတွင် သူတို့အကြောင်း သိသွားသည့် သူများ၏ မှတ်ဥာဏ်များကို  ခြေရာလက်ရာဖျောက်သည့် အနေနှင့် ပြန်ရှင်းခဲ့မည်သာ ဖြစ်သည်။

ယနေ့နံနက် ငမန်းဖြူ အဖွဲ့၏ တာဝန်ခံမှာ အထူးတာဝန်ပေးခြင်းတစ်ရပ် လက်ခံရရှိလိုက်သည်။ ထိုတာဝန်မှာ လွန်ခဲ့သော လ၀က်ခန့်က ဖမ်းဆီးခဲ့သော အကျဉ်းသားတစ်ဦးကို သန်ဒါကလပ် တက္ကသိုလ်သို့ ပို့ဆောင်ပေးရန် ဖြစ်သည်။

သန်ဒါကလပ် တက္ကသိုလ်မှာ သာမာန်တက္ကသိုလ်တစ်ခု မဟုတ်ပဲ ကျင့်ကြံရေး သမားများ အတွက် ဖွင့်ထားသော ကျောင်း ဖြစ်သည်။ တက်ရောက်နေကြသူ အားလုံးမှာ ကျင့်ကြံရေးသမားများသာ ဖြစ်သည်။ မင်းမျိုး စိုးနွယ်များသာ မက သာမာန်အရပ်သား များပါ တက်ရောက်နိုင်သည်။ လူ့အဆင့်အတန်းများ ကွဲပြားနိုင်သော်လည်း ကျောင်းသို့ ၀င်ခွင့်ရရန် လိုအပ်ချက်နှင့် ကျောင်းစည်းကမ်းများမှာမူ အလွန်တင်းကြပ်လှသည်။ ကျင့်ကြံရေးသမားများ၏ အသိုင်းအ၀ိုင်းတွင် သန်ဒါကလပ် တက္ကသိုလ် ၏ ဂုဏ်သတင်းမှာ မြင့်မားလှတာမို့ ကျောင်း၏ လိုအပ်ချက်များက မြင့်မားလှသော်ငြားလည်း သုံးနှစ်တစ်ကြိမ် ကျင်းပသည့် စာမေးပွဲကို လာရောက်ဖြေဆိုသူမှာ များပြားလှသည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now