Chapter 676: Trust and Maze
လုပ်နိုင်စွမ်း ရှိသူတွေ အတွက်ကတော့ ကံကို သုံးပြီး ပထမဆု အရယူ ဖို့ ဆိုသည်မှာ အဆိုးဝါးဆုံး အရာဖြစ်သည်။ ကံဆိုသည်မှာက လျှောက်ပြေးနေသည့် အရာဖြစ်ကာ ထိပ်ဆုံးတန်းတွင် ရပ်တည်နိုင်သည့် သူတောင်မှ ကံဆိုသည်ကို နားလည်နိုင်သည့် အရာမဟုတ်ပေ။
သို့သော်လည်း ကံကို မယုံသူတွေနှင့် စွမ်းရည်မရှိသူတွေကတော့ သူတို့က နံပါတ်တစ်ဖြစ်နိုင်မည် ထိပ်တန်း ဆယ်ယောက် ဝင်နိုင်မည်ဟု ထင်ကြသည်။ ဒီ ဝင်္ကပါမှာ တော်တော်လေးလဲ အံ့ဖွယ်ကောင်းလှသည်။ ဒါကလဲ သူတို့အတွက် တစ်ခုတစ်တည်းသော မျှော်လင့်ချက် ဖြစ်ကာ ကံကောင်းလျှင် ဘယ်သူမျှ မရှိသည့် လမ်းကိုတောင် ရွေးချယ်မိနိုင်သေးသည်။
ယူရှောင်းမိုကတော့ ကျောက်စိမ်းတုံးကြီးကို စိုက်စိုက်ကြီး ကြည့်ကာ မျက်နှာ ရှုံ့တွနေသော အဆင့်မြင့်မှော်ဆရာ အနည်းငယ်ကို မြင်တော့ စိတ်ထဲမှာ လှောင်တောင် ရယ်မိသည်။ သူတို့ထံတွင် မယုံနိုင်စရာကောင်းလောက်အောင် တွက်ချက်နိုင်စွမ်း မရှိလျှင် သာမာန်မျက်စိကို အားကိုးပြီးတော့ ဝင်္ကပါ၏ အဓိပ္ပါယ်ကို ဖော်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပေ။ သာမာန် ဝင်္ကပါဆို ရနိုင်သေးသည် သို့သော် ဒီလက်ရာမြောက် အထူးကျောက်စိမ်းက ရှောင်ယောင်တက္ကသိုလ်ကနေ ပြိုင်ပွဲအတွက် တမင် ရေးဆွဲထားသည့် အရာဖြစ်နေသည်။ ဒါက သာမာန် ကို ဝင်္ကပါထက်ကို အဆင်ပေါင်းရာချီအောင်ကို ခက်ခဲလှသည်။
“င့ါဆရာက ဒီပွဲမှာ အာရုံကို အဆတစ်ရာ့နှစ်ဆယ်ဆလောက် ပို သတိထားလို့ ပြောတာ မဆန်းဘူးပဲ။ လက်ရာမြောက် ကျောက်စိမ်းက ငါတွေ့သမျှထဲမှာ အခက်ဆုံးဝင်္ကပါ ဖြစ်ပဲ ဖြစ်ရမယ်” ချောင်ဝူရှင်းက ပြောနေပေမယ့် သူ့မျက်နှာပေါ်က အပြုံးကို ကြည့်တာနှင့်တင် စကားတောင် ကောင်းကောင်း မပြောနိုင်မှန်း သိသာလှသည်။
သူ ပြောတာ ကြားတာနှင့် လုယွင်ယွမ်က ပြုံးကာ “မင်း အတွက်တောင် ခက်တယ်ဆိုရင် အခြားသူတွေ အတွက်ဆို ပိုတောင် ခက်ဦးမယ်။ ဟိုဖက်ကို လှမ်းကြည့်ကြည့် အီးမှန်ထားတဲ့ ရုပ်တွေနဲ့”
YOU ARE READING
The Legendary Master's Wife (MM 663 ~ 731)
FantasyAuthor - Yin Ya MM translate from English Translate Chapter (663- ) Crd to original novel