အပိုင်းပို ၄ အစ်ကို နှင့် ညီ

1.8K 434 17
                                    

အခန်း 717 အပို်င်းပို ၄ အစ်ကို နဲ့ ညီလေး

အဆင့်မြင့်အထက်ဘုံကနေ ဘာလို့ အောက်ဘုံကို ဆင်းလာရသလဲ ဆိုတဲ့ အဓိကအကြောင်းရင်းဆိုလျှင် ယူရှောင်းမိုတစ်ယောက် သူ့ရင်ထဲက သံသယကို ဖြေရှင်းချင်လို့ လို့ ပြောရလိမ့်မည်။ နှစ်တွေ အကြာကြီး အတူနေလာရတဲ့ မိသားစုကို မတွေ့တာ ကြာလို့ သတိရလို့လဲ ပါတယ်လို့တော့ ပြောလို့ရပေမယ့်လဲ ....

ဒီလောက် မြန်မြန်ကြိး တွေ့ရလိမ့်မယ်လို့ မထင်ထားဘူးလေ။ သူတို့ကို တွေ့ချင်တယ်ဆို သူနဲ့ လင်းရှောင်နဲ့ ရောက်ကတည်းက သွားတွေ့လိုက်မှာပင်။ အခုချိန်ထိ စောင့်နေစရာတောင် မလို။ တကယ်ကတော့ သူ့ကိုသူ စိတ်ပြင်ဆင်လို့ရအောင် အချိန်ပေးထားတာလို့ ပြောလို့ရသည် ပြီးတော့ ယူပေါ် နဲ့ မိသားစုဝင်တွေ ပြောင်းသွားတာလဲ တစ်ကြောင်းအနေနဲ့ ပါသည်။

သူ နည်းနည်းတော့ စိတ်ပျက်သွားတာကိုတော့ ငြင်းလို့ မရပေ။ သူ နေခဲ့သော အဆင့်မြင့်ဗီလာဝန်း တစ်ဝိုက်တွင် လိုက်မေးခဲ့ပေမယ့် သူ မတော်တဆ ဖြစ်ပြီး သေဆုံးသွားခဲ့ကတည်းက ယူမိသားစု တစ်ခုလုံး ပြောင်းသွားခဲ့သည်။ ယူရှောင်းမိုကို ကို မေ့လို့မရဘူးလို့ ပြောကြပေမယ့် ယူရှောင်းမို အနေနဲ့ ကတော့ ဒီဆင်ခြေကြီးက လွန်လွန်တယ်လို့သာ ထင်မိသည်။

အဲဒိနေ့က လက်ဗလာနှင့် ပြန်လာရကတည်းက သူတို့ကို ရှာချင်စိတ်ကို ယူရှောင်မို ဖိနှိပ်ထားခဲ့သည်။ နှစ်ဆယ့်တစ်ရာစုရဲ့ လူနေမှုဘ၀နဲ့ ပတ်ဝန်ကျင်းကို အသားပြန်ကျအောင် လုပ်ပြီးမှ ပြန်စဉ်းစားတော့မယ်ဟုသာ ဆုံးဖြတ်လိုက်သည်။ ဒါပေမယ့် အခုတော့ သူ့ရဲ့ အစီအစဉ်တွေက ပျက်ဆီးသွားရပြီ။

ကျောင်းအုပ်ကြီး ရုံးခန်းထဲက ဆိုဖာတွင် ထိုင်နေသည့် ယောက်ျားကို သူ ငေးကြည့်မိသည်။ ဆယ်နှစ်နီးပါးလောက် ဒီလူကို မမြင်တွေ့ခဲ့ရသည့်နောက် ယူပေါ်က လည်း တစ်ပါးသူအပေါ် ကသိကအောက် ဖြစ်စရာ လေသံနှင့် လိုက်ပြောနေတတ်တဲ့သူ၊ သူ့ကို စိတ်ပျက်စရာကောင်းလောက်အောင် လိုက်ဒုက္ခပေးနေသည့် ဆယ့်ခုနစ်နှစ်သားလေး မဟုတ်တော့။ ရင့်ကျက်လှသော အသွင်အပြင် သြဇာတိက္ကမ အပြည့်နှင့် အများနှင့် မတူထူးခြားလှသည့် အသွင်အပြင်နှင့် လူဖြစ်လို့နေပြီ။ ယူပေါ်ရဲ့ ရုပ်ဆင်းသွင်ပြင်က သောက်၇မ်းမိုက်မယ်ဆိုတာ ယူရှောင်းမို ဟိုးအရင်ကတည်းက သိပြီးသားပေမယ့် ယူပေါ်ရဲ့ တကယ့် ရင့်ကျက်လာသည့် အသွင်ကတော့ သူ့ မျက်လုံးနဲ့ ကိုယ်တိုင် တွေ့လိုက်ရသည့် အခါမှာတော့ အရမ်းကို အံသြသွားရသည်။ အချိန်အတန်ကြာထိကို သူ မလှုပ်ပဲ ကြည့်နေမိသည်။

The Legendary Master's Wife (MM 663 ~ 731)Onde histórias criam vida. Descubra agora