အခန်း ၆၇၇

2.9K 542 10
                                    

Chapter 677: Old Grievances

ယူချွမ်က သွေးစွေးနီမျိုးနွယ်စုမှ မှော်ဆရာ ဖြစ်သည်။ သူ အဆင့်ခြောက်မှော်ဆရာ ဖြစ်လာသည့် အဓိက အကြောင်းရင်းကလည်း ယူမိသားစုက ဟိုးရှေးစစ်ပွဲတုန်းကတည်းက စုဆောင်းထားခဲ့သည့် ရတနာ များကြောင့် ဖြစ်သည်။ အဲဒိ ပစ္စည်းများကြောင့်သာ မဟုတ်လျှင် အဆင့်ခြောက် မှော်ဆရာ ဖြစ်လာစရာ အကြောင်းကို မရှိပေ။

သွေးစွေးနီမျိုးနွယ်စု၏ တစ်ဦးတည်းသော အဆင့်ခြောက် မှော်ဆရာ ဖြစ်သည်မို့ သူ့အဆင့်အတန်းက ယူကျန်ထျန်းထက် တစ်ဆင့်သာ နိမ့်သည်။ သို့သော် ရှေးစစ်ပွဲကြီး ပြီးခါကစ မွေးဖွားခဲ့သူမို့ ယူကျန်ထျန်းထက် အသက်ပိုကြီးသည်။

စစ်ပွဲကြီး အတွင်းတွင် မူလ ယူမိသားစုက လူအကုန်လုံး နီးပါး အသက်ဆုံးရှုံးသွားရသည်။

အဲဒိတော့ ရလာဒ်အနေနှင့် ယူချွမ်က ထင်ပေါ်လာသည်။ သွေးစွေးနီမျိုးနွယ်စုကို ပြန်လည် ထူထောင်ပြီးသည့် အချိန်တွင် ယူချွမ်က မျိုးနွယ်စုထဲတွင် အရေးပါ အရာရောက်သူ တစ်ဦး ဖြစ်လာသည်။

မိသားစုခေါင်းဆောင်တိုင်းက သူ့ကို မျက်နှာလုပ်ရသည်။ သူသာ ထောက်ခံလျှင် မိသားစုခေါင်းဆောင် ရာထူးက ခိုင်မာသည့် အနေအထားနှင့် ဖြစ်ခဲ့သည်မှာ ယူကျန်ထျန်းနှင့် ယူကျွင်ချီတို့ လက်ထက်အထိ တာရှည်ခဲ့သည်။

ယခင်ခေါင်းဆောင်က ယူချွမ်ကို ယူကျွင်ချီကို ထောက်ခံစေချင်သည် သို့သော် ယူချွမ်ကတော့ ယူကျန်ထျန်းကို ရွေးချယ်သွားသည်။ ယူကျန်ထျန်း သွေးစွေးနီမျိုးနွယ်စုအပေါ် အုပ်ချုပ်နိုင်ရသည့် အကြောင်းရင်းမှလဲ ယူချွမ်နှင့် အများကြီး သက်ဆိုင်သည်။ သို့သော် သူတို့ နှစ်ယောက်ကြားက ကတိကို သိသူကတော့ လူနည်းစုသာ ရှိသည်။

ယူကျန်ထျန်း မိသားစုခေါင်းဆောင်တံဆိပ် ခိုးယူဖို့ကို ယူချွမ်က ကူညီပေးမည်။ အပြန်အလှန် အနေနှင့် ယူကျန်ထျန်းက အမွေအနစ်ရတနာကို သူ့ကို ပြန်ပေးရလိမ့်မည်။ သို့သော်လည်း ယူကျွင်ချီက အမွေအနှစ် ရတနာကို ယူကာ ပျောက်သွားကာ နှစ်အတော်ကြာသည်အထိ ပေါ်မလာတော့ ဒီသဘောတူညီချက်က ယာယီဆိုင်းငံ့ထားရသည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now