အခန်း ၆၇၂

3.3K 578 36
                                    

အခန်း ၆၇၂ ပြိုင်ပွဲ စပြီ

ဒုတိယပြိုင်ပွဲက ဆေးလုံးဖော်ခိုင်းတာမို့ ပိုလွယ်ကူသည်။

ပြိုင်ပွဲ အများစုတွင်မူ ဆေးလုံးဖော်စပ်ခြင်းကို နောက်ဆုံးအဆင့်မှ လုပ်ခိုင်းပေမယ့် အခုတော့ ဒုတိယပွဲစဉ်မှာကတည်း က ပါဝင်နေသည်။ ပါဝင်သူတွေက သုံးရာ့ သုံးဆယ် ကျန်သေးတာမို့ ထိပ်တန်း ဆယ်ယောက်ကို ကောက်ရွေးဖို့ဆိုတာက မလွယ်ကူလောက်။ အဲလိုသာ လုပ်မိလျှင် ဒိုင်လူကြီးတွေ အကြောင်းချင်းရာကို ရှင်းပြရချေ ရှိသည်။

ဒီပွဲစဉ် စည်းကမ်းတွေကလည်း ရိုးရှင်းလှသည်။ သတ်မှတ်ထားသည့် ဆေးလုံးကို သတ်မှတ်ထားသည့် အချိန်အတွင်း ရှောင်ယောင်တက္ကသိုလ်က ပေးအပ်သည့် ဆေးပင်တွေကို သုံးကာ ဖော်စပ်နိုင်ဖို့ပဲ လိုသည်။ မှော်ဆရာ သုံးရာ့ သုံးဆယ်က တစ်ပြိုင်နက်တည်း ဆေးဖော်မည် ဆိုတာကတော့ တော်တော်လေး မျက်စိပသာဒရှိလှသည်။

မနေ့က ပလာဇာကြီးမှာ မြေပြင်မှာ ပြိုင်ကွင်း ဆယ်ဂဏန်း လောက် စီတန်းထားသည်။ အခုတော့ ဘာမှကို မဆိုင်တော့ ပြိုင်ပွဲကွင်းထဲမှာတင် ပဲလား ဆိုတော့ မဟုတ် ကြည့်သူတွေဖက်ကိုပါ ပြောင်းလဲထားသည်။ ပရိသတ်ထိုင်သည့် ထိပ်ဆုံးတန်းက လူတွေကတော့ ဆေးလုံးဖော်စပ်နေတာကို နေရာကောင်းကောင်းကနေ ကြည့်လို့ရပေမည်။ 

ယူရှောင်းမိုကတော့ ဒုတိယအတန်းရှိ ဆေးဖော်စပ်ခုံတစ်ခုတွင် မတ်တပ်ရပ်လိုက်သည်။  သူ့ဘေးမှာတော့ ကျုံးယဲ့ နှင့် ချောင်ဝူရှင်း တို့ ရှိကာ အရှေ့ဖက်မှာတော့ သူ မျက်မှန်းတမ်းမိသော သူအချို့ ရှိသည်။

သူ့ကို အမုန်းကြီးမုန်း ကောင်းကောင်းကြီး အာဃာတ ထားသည့် ဇူးမားကလည်း ထိုသူတွေ အထဲမှာ ပါဝင်သည်။ သူ သူလှမ်းကြည့်လိုက်တော့ ဇူးမား၏ အကြည့်တွေက ပိုလို့တောင် အေးစက်စက်နိုင်ကာ သူ့(မ)မျက်လုံးထဲက အမုန်းတွေက လင်းရှောင်ကို မုန်းသည့် အမုန်းနှင့် တောင် ပြိုင်တူလောက် ကျနိုင်နေသည်။

ဒီအပ်ြင နောက်ထပ် နှစ်ယောက် ရှိသေးသည်။ အဲဒိနှစ်ယောက်ကလဲ တကယ်တော့ တော်တော်လေးတော့ စိတ်ဝင်စားဖို့ ကောင်းတဲ့သူတွေပင်။ စုလန် နဲ့ ယန်ဟွေ တို့ နှစ်ယောက်။ ယန်ဟွေ တို့ပေး စွပေးတာနှင့် တင် စုလန် က အခုဆို သူ့ကို ရန်သူကြီး ပမာပင် ဖြစ်နေသည်။ တစ်ဖက်သက် ရန်လုပ်နေတာဆိုပေမယ့်လဲ ပေါ့… သူတို့နှစ်ယောက်ကို မတွေ့တာ ကြာတော့  ယူရှောင်းမိုက သူတို့ကိုတောင် မေ့သလိုလို ရှိနေပြီ။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now