အချပ်ပို ၁၃ အမြောက်စာလေးကို တစ်စက္ကန့်နဲ့ အလဲထိုးမယ်

1.4K 429 7
                                    

Chapter 726 (Extra 13) : Getting Rid of a Cannon Fodder in One Second

အချပ်ပို ၁၃ အမြှောက်စာလေးကို တစ်စက္ကန့်နဲ့တင် အလဲထိုးမယ်

အခြေအနေကြီးက တင်းမာလွန်းလှကာ လင်းရှောင် စကားပြောပြီးသည်နှင့် အသက်ပြင်းပြင်းရှူလိုက်ဖို့တောင် ခက်ခဲလှသည်။

သမန်းဝံပုလွေက ဒေါသပိုပို ထွက်လာတာကို လူတိုင်း မြင်နေပေမယ့် ဒီလူနှစ်ယောက်၏ အဖွဲ့ခေါင်းဆောင် ဂျွန်ဆန်အပါအ၀င် တစ်ဦးတစ်ယောက်ကမျှ အရှေ့ထွက်လာခြင်း မရှိပေ။ သူတို့က ဦးနှောက်မရှိသူများ မဟုတ်သလို သမန်းဝံပုလွေ၏ ခွန်အားကို အကြမ်းဖျင်းတော့ သိကြသည်။

သို့သော်လည်း လူအချို့ကတော့ ယူရှောင်းမို အတွက် အရမ်းကို စိတ်ပူနေကြသည်။ ယူပေါ်နှင့် ယူလူတို့က ယူရှောင်းမို၏ နောက်ကျောကို စိုက်ကြည့်နေကြသည်။ အတည်ပြုခြင်း အလျင်းမရှိပဲနှင့်တောင်မှ သူတို့ ရင်ထဲ နှလုံးထတွင်တော့ အဖြေကို သိနှင့် နေကြပြီ ဖြစ်သည်။  သူတို့ရှေ့က ယူရှောင်းမို ဆိုတာက သူ့တို့ တွေးနေမိသည့် တစ်ယောက် ဟုတ်ကို ဟုတ်ရမည်။

“ယူရှောင်းမို ငတုံး” ဒေါသထွက်လွယ်သည့် ယူပေါ်က အရင်ဆုံး ဒီ ကသိကအောက် ဖြစ်စရာ တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ကြီးကို ဖြိုခွင်းကာ ယူရှောင်းမိုကို ငေါက်ထဲ့လိုက်သည်။ အလျှံတငြီးငြီးတောက်လောက်နေသည့် ဒေါသမျက်ဝန်းများက ခေါင်းငိုက်စိုက်ကျနေသာ ယူရှောင်းမိုကိုပဲ ပစ်သွင်းလိုက်သည်။ သူ့စကားကြောင့် ကြောက်လန့်သွားသည့် ယူရှောင်းမို၏ တုန့်ပြန်မှုကို ကြည့်တာနှင့်တင် ယူပေါ်၏ ဒေါသက သူ့ရင်ထဲတွင် ပိုတောင် တောက်လောင်လာသည်။

ခပ်အေးအေးစိတ်ထားနှင့် ယူလူကတော့ ယူပေါ် လမ်းစဉ်မလိုက်ပေ။ နက်ရှိုင်းလှသည့် ရေအိုင်နက်ကြီးတစ်ခုကဲ့သို့ နက်မှောင်လှသည့် မျက်ဝန်းများနှင့်သာ စကားတစ်ခွန်းမျှ မဆိုပဲ စိုက်ကြည့်နေသည်။ မျှော်လင့်ထားတာရဲ့ ဆန့်ကျင်ဖက် အနေနှင့် ဒီအပြုအမူကပဲ ယူရှောင်းမိုကို ယူပေါ်ထက် ပိုကြောက်လန့်လာစေသည်။

ကြက်သီးအဖြန်းဖြန်း ထနေသည့် လက်မောင်းကို အသာသပ် လိုက်သည်။ ထင်ထားသလိုပဲ သူတို့မှန်းမိကြတာပဲ။ ဒါပေမယ့် သူ နောက်ကို လှည့်ကြည့်ဖို့တော့ သတ္တိရှိမနေပေ။ အခုအချိန်အခါကြီးက မိသားစုကိစ္စကို ဖြေရှင်းနေ၇မည့် အချိန်လဲ ဟုတ်မနေ။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now