အခန်း ၇၀၅ အချိန်လုနေရတယ်

2.2K 459 4
                                    

အခန္း ၇၀၅ အခ်ိန္လုနေရတယ်
ချီလင်မျိုးနွယ်စု၏ နယ်မြေသည် ရှီကျင်းတွင် တည်ရှိသော်ငြား တကယ်တမ်းမှာ ချီလင်မျိုးနွယ်စုကို တည်ထောင်သူ ဖွင့်လှစ်ဖန်တီးခဲ့သော နယ်မြေကျယ်ကြီး တွင် နေထိုင်ကြခြင်း ဖြစ်သည်။ လင်းကူနှင့် လင်းမင်တို့ ၀င်လိုက်သည့် အခါတွင်  အခြားသော ကမ္ဘာတစ်ခုကို ရောက်သွားဘိသကဲ့သို့ သူတို့ မျက်စိရှေ့၌ မိုးထိုးနေသော တောင်တန်းကြီးများ ပေါ်ထွက်လာသည်။ သူတို့ မျိုးနွယ်စုဝင်များမှာ ထို မိုးထိုးနေသော တောင်တန်းကြီးများထဲတွင် နေထိုင်ကြပြီး အမြင့်ဆုံးသော တောင်ထိပ်တွင် ချီလင်အရှင် နေထိုင်လေသည်။

သူတို့နှစ်ယောက်က မရပ်တန့်ပဲ ပင်မတောင်ထိပ်သို့ ဆက်ပြန်သန်းသွားကြသည်။ သူတို့ လမ်းတွင် အချို့သော ချီလင်မျိုးနွယ်ဝင်များက တားဆီးချင်ကြသော်လည်း ဒီနေရာတွင် ကျန်ရစ်ခဲ့သူများမှာ အဆင့် ဆယ့်တစ်အောက် အစောင့်များသာ ကျန်ခဲ့သည် ဖြစ်ရာ ကြိုးစားသော်ငြား တစ်စက္ကန့်မျှသာ ရပ်တန့်ခြင်းငှာ တတ်စွမ်းနိုင်ကြသည်။

ပင်မတောင်တန်း၏ အခြေသို့ ရောက်ရှိရန် အချိန်တစ်ခဏမျှသာ ကြာမြင့်လေသည်။

သူတို့ လွှတ်ထားသော သူလျှို၏ သတင်းအရဆိုလျှင် လင်းရှောက်ယီသည် လက်ရှိအချိန်တွင် ပင်မတောင်ထွတ်တွင် တံခါးပိတ်ကျင့်ကြံကာ အနန္တတန်ခိုးရှင်နတ်ဘုရား အဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အလမ်းကို ရှာဖွေလျက်ရှိသည်။ ဒီလို အချိန်တွင် အနှောင်အယှက်ပြုခြင်း ခံလိုက်ရပါက အဆင့်မတက်နိုင်ဖြစ်ယုံသာ မက တန်ပြန်ရိုက်ခတ်သည့် ဒဏ်တောင်မှ ခံရနိုင်သည်။

လင်းကူက သူ့ရဲ့ တဒိန်းဒိန်း ခုန်နေသည့် ရင်ကို ထိန်းထားနေရသည်။ လင်းရှောက်ယီကို သိပ်မကြာခင် ဘယ်လို သင်ခန်းစာ ပေးနိုင်တော့မည် နှင့် ရှောင်အာ တစ်ယောက် အန္တရာယ်ကင်းတော့အဖြစ်ရယ် လင်းမင်လည်း ချီလင်အရှင်ကို သတ်ဖြတ်သည်ဟု အစွပ်စွဲခံရပြီး သေဒဏ်မခံရတော့ဟု တွေးမိသည်နှင့် လင်းမင်မှာ စိတ်လှုပ်ရှားမှုကို ထိန်းမရနိုင် ဖြစ်နေသည်။

“မင်၊ တောင်ထိပ်ကို စောင့်တဲ့သူလဲ မရှိဘူး ငါတို့ အခုတက်ကြမလား”

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now